DVB Logo
Home
မြန်မာသတင်း
နယ်ခြားစောင့်ရဲယာဉ်တန်းအား မိုင်းခွဲတိုက်ခိုက်သူ ဘင်္ဂလီ ၁ ဦးဖမ်းမိ
DVB
·
November 22, 2016
နယ်ခြားစောင့်ရဲယာဉ်တန်းအား မိုင်းခွဲတိုက်ခိုက်သူ ဘင်္ဂလီ ၁ ဦးဖမ်းမိ
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ ယာဉ်တန်းကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာမှာ ပါဝင်သူတဦးကို ဖမ်းဆီးမိထားတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၂ ရက်က ကျီးကန်းပြင်အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို မော်တော်ယာဉ်သုံးစီးနဲ့ ငါးခူရစခန်းသို့ပို့ဆောင်စဉ် မောင်တောမြို့နယ် မောင်နှစ်မ(တောင်)ရွာအ၀င် ဘေလီတံတားမှာ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူတွေက လက်လုပ်မိုင်းနဲ့ ဖောက်ခွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မာမွတ်ကာစီဆိုသူကို မသင်္ကာတဲ့အတွက် ဖမ်းမိစစ်ဆေးရာမှာ မိုင်းဖောက်ခွဲတဲ့ဖြစ်စဉ်မှာ ၎င်းကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ဆေးမေးမြန်းစဉ် ထွက်ဆိုချက်အရ နိုဝင်ဘာ ၁၁ ရက်က မာမွတ်ကာစီနဲ့ လေးဦးတို့ဟာ မောင်နှစ်မ(တောင်)ရွာအ၀င် ဘေလီတံတား အနီးတွင်ကျင်းတူးပြီး မိုင်းတစ်လုံးမြှုပ်နှံခဲ့ပြီး သံကြိုးဆွဲကာ လယ်ကွင်းပြင်မှာ သံကြိုးကိုထားခဲ့တာဖြစ်ကြောင်း နိုဝင်ဘာ ၁၂ ရက် မနက်မှာ ၎င်းနှင့်အခြားဘင်္ဂါလီတစ်ဦးတို့က မိုင်းဖောက်ခွဲဖို့ လယ်ကွင်းမှာ စောင့်ဆိုင်းပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေရဲ့ကားကို မိုင်းဖောက်ခွဲခဲ့ပြီး ရွာကိုပြန်လာခဲ့တာလို့ တပ်မတော်သတင်းမှာဖော်ပြတယ်။

မာမွတ်ကာစီကို ဥပဒေကြောင်းအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေပြီး ကွင်း ဆက်တရားခံတွေကိုလည်း ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်နေ တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013