DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်ရှောင်ဒုက္ခသည်များ တရုတ်ပြည်ဘက်ထွက်ပြေး
DVB
·
November 22, 2016
မြန်မာစစ်ရှောင်ဒုက္ခသည်များ တရုတ်ပြည်ဘက်ထွက်ပြေး
Donate to DVB

မြန်မာနိုင်ငံမြောက်ပိုင်း မူဆယ်ခရိုင်ထဲမှာ ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံထဲကို စစ်ဘေးရှောင်ဒုက္ခသည်တွေ ၀င်ရောက်လာနေတယ်လို့ ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

နယ်စပ်ဒေသက မြန်မာပြည်သူတွေဟာ တရုတ်ပြည်ဘက်ကို ၀င်ရောက်စစ်ဘေးရှောင်လာတဲ့ အတွက် လူသားချင်းစာနာတဲ့အနေနဲ့ ယာယီလက်ခံ ပြုစုပေးနေပြီး ဒဏ်ရာရရှိသူတွေကိုလည်း ဆေးရုံသို့ပို့ဆောင် ကုသပေးနေတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၂၀ရက်က တရုတ်နိုင်ငံအနီး မြန်မာအစိုးရတပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့တို့ အကြား ပစ်ခတ်မှုတွေဖြစ်ပွားတဲ့ အခြေအနေကို တရုတ်နိုင်ငံအနေနဲ့ အာရုံစိုက်နေကြောင်း၊ အပစ်အခတ်ရပ်စဲဖို့နဲ့ နယ်စပ်ဒေသအလျင်အမြန်တည်ငြိမ် အေးချမ်းလာ ဖို့မျှော်လင့်တယ်လို့လည်း သံရုံးထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့လည်း လုံခြုံရေး သတိထားကြဖို့နဲ့ ပစ်ခတ်မှုတွေဖြစ်ပွားတဲ့ဒေသကို မသွားကြဖို့လည်း သတိပေးထားပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ တရုတ်နိုင်ငံ အနေနဲ့ တရုတ်-မြန်မာနယ်စပ်ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအပေါ် အလေးအနက်ဂရုပြုကြောင်း၊ သက်ဆိုင်ရာဘက်အသီးသီးက တွေ့ဆုံဆွေးနွေးပြီး မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုရရှိစေဖို့ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ဖို့တိုက်တွန်းတဲ့အကြောင်း ဘေဂျင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

အလားတူ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကလည်း တရုတ်စစ်တပ်အနေနဲ့ မြန်မာပြည်မြောက်ပိုင်းဒေသ ပစ်ခတ်မှုတွေနဲ့ သက်ဆိုင်သူအားလုံးက အခြေအနေကို တည်ငြိမ်အောင်ထိန်းချုပ်နိုင်ပြီး ထိပ်တိုက်တွေ့မှုတွေ ပိုမိုမပြင်းထန်လာစေဖို့ မျှော်လင့်တယ်၊ တရုတ်ပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို မထိခိုက်ဖို့ မျှော်လင့်တယ်၊ တရုတ်တပ်မတော်ဟာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိန်းသိမ်းစောင့်ရှောက်ပြီး တရုတ်နယ်စပ်ရှိ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုကို ထိန်းသိမ်း စောင့်ရှောက်ပေး မယ်လို့ ပြောပါတယ်။

နိုဝင်ဘာ၂၀ ရက် မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအပြီး မြန်မာနယ်စပ်နဲ့ ကပ်နေတဲ့ တရုတ်နိုင်ငံယူနန်ပြည်နယ် ၀န်ဒင်းမြို့ကို ထွက်ပြေးလာတဲ့ စစ်ရှောင် မြန်မာ ဒုက္ခသည်ပေါင်း ၈၀၀ ကျော်လောက်ရှိတယ်လို့ တရုတ်သတင်းတွေမှာဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013