DVB Logo
Home
မြန်မာသတင်း
ကြံ့ခိုင်ရေးပါတီ တွဲဘက်စည်းရုံးရေးမှူးနှင့် ညီမကို သတ်ပြီးထွက်ပြေးနေသည့် တရားခံများ ဖမ်းမိ
DVB
·
November 22, 2016
ကြံ့ခိုင်ရေးပါတီ တွဲဘက်စည်းရုံးရေးမှူးနှင့် ညီမကို သတ်ပြီးထွက်ပြေးနေသည့် တရားခံများ ဖမ်းမိ
Donate to DVB

မြန်အောင်မြို့နယ် သက္ကယ်ကုန်းအုပ်စု ကြံ့ခိုင်ရေးပါတီက တွဲဘက်စည်းရုံးရေးမှူးနဲ့ ညီမဖြစ်သူကို သတ်ပြီးထွက်ပြေးနေတဲ့ တရားခံတွေကို ဒီနေ့ မနက်ပိုင်းက ဖမ်းမိခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် အင်ပင်ရဲတပ်ဖွဲ့စခန်းအပိုင်းအတွင်းက သက္ကယ်ကုန်း အုပ်စုရှိသက္ကယ်ကုန်း ကျေးရွာတွင်နေထိုင်တဲ့ သက္ကယ်ကုန်းအုပ်စု ကြံ့ခိုင်ရေးပါတီက တွဲဘက်စည်းရုံးရေးမှူး ဦးသန်းဌေးနဲ့ ညီမဖြစ်သူ မခင်မာဝင်းတို့ကို သတ်ပြီး ထွက်ပြေးနေတဲ့ တရားခံ ၂ ဦးအနက် ၁ ဦးကို ဒီနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ မနက် ၃ နာရီလောက် က ဖမ်းဆီးရမိခဲ့ပြီး ကျန်တဦးကို ၂၂ နေ့မနက် ၈ နာရီမှာ ဖမ်းမိခဲ့တာပါ။

အမှုဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီလောက် သက္ကယ်ကုန်းအုပ်စု ကြံ့ခိုင်ရေးပါတီက တွဲဘက်စည်းရုံးရေးမှူးနဲ့ ညီမဖြစ်သူတို့ ရွာလယ် တာလမ်းမပေါ် လှည်းမောင်းတဲ့ကိစ္စနဲ့ အချင်းပွားပြီး ဦးအောင်ကျော် (၄၇ နှစ်)နဲ့ မင်းထက်ဦး (၂၀) နှစ်တို့က သတ်ဖြတ်တဲ့အထိ ဖြစ်ပေါ်ခဲ့တာပါ။ သေဆုံးသူ အုပ်ချုပ်ရေးမှူးဟောင်းရဲ့ လည်ပင်းမှာ ထိုးသွင်းဓားဒဏ်ရာတချက်နဲ့ နှမဖြစ်သူမှ လက်ဝဲဘက် နို့အုံအောက်မှာ ထိုးသွင်း ဓားဒဏ်ရာ ၂ ချက်နဲ့ အခင်းဖြစ်တဲ့ နေရာတင် သေဆုံးခဲ့တာဖြစ်ပါတယ်။

မြန်အောင်မြို့နယ် အင်ပင်နယ်မြေ ရဲတပ်ဖွဲ့စခန်းက တရားခံ ဦးအောင်ကျော် (၄၇)နှစ်နဲ့ မင်းထက်ဦး (၂၀)နှစ်တို့ကို ရာဇာသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၂၃ /၁၁၄ တို့နဲ့ အမှုဖွင့်ကာ အရေးယူဆောင်ရွက်နေတယ် လို့ ပြောပါတယ်။
သတင်း - သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013