DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် ရပ်ဆိုင်းထားခဲ့ရသည့် စာမေးပွဲများကို ပြန်လည်စစ်ဆေးနေ
DVB
·
November 22, 2016
မောင်တောတွင်  ရပ်ဆိုင်းထားခဲ့ရသည့် စာမေးပွဲများကို ပြန်လည်စစ်ဆေးနေ
1 / 6
Donate to DVB

အောက်တိုဘာလ ၉ ရက်နေ့မှာ စာမေးပွဲစစ်ဆေးနေတုန်း ရပ်တန့်ထားခဲ့ရတဲ့ အခြေခံပညာ ကျောင်းတွေရဲ့ နှစ်ဝက်ဆုံးစာမေးပွဲတွေကို နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ပြန်လည်စစ်ဆေးနေ ပါတယ်။

မောင်တောမြို့နယ် ပညာရေးမှူး ဦးအောင်ခင်က “အရင်လက တစ်ဘာသာပဲဖြေခဲ့ရလို့ အခုကျန်နေတဲ့ ဘာသာရပ်တွေကို ပြန်ဖြေရတာပါ။ ဒီနေ့ အင်္ဂလိပ်စာဖြေရပါမယ်။ ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်းတွေကို အတန်းတင်စာမေးပွဲ အတွက် စာမေးပွဲအတွေ့အကြုံရအောင် တကယ့်အတန်းတင်စာမေးပွဲဖြေဆိုတဲ့အတိုင်း စစ်တာပါ။ တမြို့နယ်လုံး မေးခွန်းတခုတည်းကိုပဲ ပေးပို့ဖြေဆိုရတာဖြစ်ပါတယ်။”လို့ ဒီဗွီဘီကို ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်၊ အထက(ခွဲ)-၁ ကျောင်းအုပ်ဆရာကြီးဦးကြည်ဝင်းကတော့ ကျောင်းသား အများစု ဖြေဆိုကြပါတယ်။ လေးတန်း ၁၀၈ ယောက်မှာ ၂ ယောက်ပျက်တယ်။ ရှစ်တန်း ၁၄၂ ယောက်မှာ ၂ ယောက်ပျက်တယ်။ ကိုးတန်း ၁၀၈ ယောက်မှာ ၁ ယောက်ပျက်၊ ဆယ်တန်း ၁၀၇ ယောက်မှာ ၂ ယောက်ပျက်တယ်။ ပျက်ကွက်က နည်းပါတယ် ပုံမှန်အတိုင်းလို့ပဲ ပြောရမယ်လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့ထိ မောင်တောမြို့နယ်မှာ ကျောင်းပေါင်း ၁၂၂ ကျောင်းအနက် ၆၈ ကျောင်း၊ ဘူးသီးတောင်မှာတော့ ၁၃၅ ကျောင်းအနက် ၈၄ ကျောင်းကိုဖွင့်လှစ်နိုင်ပြီး အဲ့ဒီဖွင့်နိုင်တဲ့ ကျောင်းအားလုံးမှာ စာမေးပွဲစစ်ဆေးနေတာပါ။ မြို့ပေါ်ကျောင်းတွေမှာ ဖြေဆိုသူများပေမယ့် နယ်ကကျောင်းတွေမှာ ဖြေဆိုသူ အရေအတွက် အပြည့်အစုံမသိရသေးဘူးလို့ ခရိုင်ပညာရေးမှူးက ပြောပါတယ်။

အောက်တိုဘာ ၉ ရက်နေ့မှာ ကျီးကန်းပြင်နယ်ခြားစောင့်ရဲဌာနချုပ်အပါအဝင် ရဲစခန်းတွေကို အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့အတွက် မောင်တောခရိုင်တစ်ခုလုံးကို ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး အခြေအနေကို ထိန်းသိမ်းခဲ့ရသလို အခြေခံပညာစာသင်ကျောင်းအားလုံးကိုလည်း အောက်တိုဘာလ ၂၃ ရက်အထိ ပိတ်ထားခဲ့ရပါတယ်။ ပိတ်ထားခဲ့ရတဲ့ အချိန်မှာ ပထမနှစ်ဝက်ဆုံးစာမေးပွဲတွေ ဖြေဆိုနေချိန်ဖြစ်ပြီး မြန်မာစာတစ်ဘာသာတည်း စစ်ဆေးနိုင်ခဲ့ တာပါ။ အခုဖြေဆိုနေတဲ့ ပထမနှစ်ဝက်ဆုံးစာမေးပွဲကို နိုဝင်ဘာ ၂၅ ရက်နေ့ထိ စစ်ဆေး သွားမယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013