DVB Logo
Home
မြန်မာသတင်း
ခိုးဝင်ဘင်္ဂလီ ၁၇ ဦးကို အပြီးသတ်အမိန့်ချမှတ်
DVB
·
November 21, 2016
ခိုးဝင်ဘင်္ဂလီ ၁၇ ဦးကို အပြီးသတ်အမိန့်ချမှတ်
Donate to DVB

အောက်တိုဘာလ ၂၂ ရက်နေ့က ဖမ်းဆီးရမိတဲ့ ခိုးဝင်ဘင်္ဂလီ ၁၇ ဦးကို နိုဝင်ဘာလ ၂၁ ရက်နေ့မှာ မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာ အပြီးသတ်အမိန့်ချမှတ်ခဲ့ပါတယ်။

“အဲဒီဘင်္ဂလီ ၁၇ ဦးထဲက ၄ ဦးကတော့ အသက်မပြည့်သေးတဲ့ ကလေးငယ်ဖြစ်နေတဲ့အတွက် ကလေးသူငယ်ဥပဒေအမိန့်ချခဲ့တယ်”လို့ မြို့နယ်တရားသူကြီး ဦးနန္ဒမျိုးက ပြောပါတယ်။

ခိုးဝင်ဘင်္ဂလီ ၁၃ ဦးကိုတော့ သက်သေခံခရီးသွားလက်မှတ် အထောက်အထား တစုံတရာ မပြနိုင်တဲ့အတွက် ၁၉၄၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အပ်ဥပဒေပုဒ်မ ၆(၂)၊ ၆(၃)အရ အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ်ဆီ ချမှတ်လိုက်ပြီး ကျန်ရှိနေတဲ့ အသက်မပြည့်သူ ဘင်္ဂလီ ၄ ဦးကိုတော့ ၁၉၉၃ ခုနှစ် ကလေးဥပဒေပုဒ်မ ၄၇(ဃ) အရ သန်လျင်လူငယ်လေ့ကျင့်ရေးကျောင်းမှာ ၂ နှစ်အထိ နေထိုင်ရမယ်လို့ မြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။

အဲဒီဘင်္ဂလီ ၁၇ နှစ်ဦးကို မြောက်ဥက္ကလပမြို့နယ် ရွှေပေါက်ကံ (၆) ရပ်ကွက် အလောင်းဘုရား လမ်းမှာ ဖမ်းဆီးရမိတာဖြစ်ပြီး ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်က လာရောက်တာဖြစ်တယ်လို့ မြို့နယ်တရားသူကြီး ဦးနန္ဒမျိုးက ပြောပါတယ်။
သတင်း၊ ဓာတ်ပုံ - ရန်နိုင်ဇော်ဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013