DVB Logo
Home
မြန်မာသတင်း
မူဆယ်တိုက်ခိုက်မှုတွင် ၈ ဦးသေ၊ ၂၉ ဦး ဒဏ်ရာရ
DVB
·
November 21, 2016
မူဆယ်တိုက်ခိုက်မှုတွင် ၈ ဦးသေ၊ ၂၉ ဦး ဒဏ်ရာရ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်တွင်း ကချင်၊ ပလောင်နဲ့ ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်၊ အကောက်ခွန်ဝန်ထမ်းနဲ့ အရပ်သားပြည်သူ စုစုပေါင်း ၈ ဦးသေဆုံးပြီး ၂၉ ဦး ဒဏ်ရာရသွားတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (အမ်အန်ဒီအေအေ) ပူးပေါင်းအဖွဲ့တွေ မနေ့မနက်က မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အပါအ၀င် ၁၀ နေရာလောက်မှာ အလစ်အငိုက် ၀င်ရောက်ပစ်ခတ်တိုက်ခိုက် တံတားတွေကို မိုင်းခွဲဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

လားရှိုး-မူဆယ် လမ်းမကြီးပေါ်ရှိ နန့်ပေါ်တံတားလုံခြုံရေး ရဲကင်းအနီး ပစ်ခတ်တိုက်ခိုက်မှုတွေမှာ တပ်မတော်သား ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ ပြည်သူ ၁ ဦး သေဆုံးပြီး  ရဲတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မူဆယ်မြို့မရဲစခန်း အရှေ့တောင်ဘက် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းဇုန်အနီး တပ်စခန်းကို ပစ်ခတ်မှုမှာတော့ ပြည်သူ့စစ် ၁ ဦးနဲ့ ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၈ ဦး၊ အကောက်ခွန်ဝန်ထမ်း ၂ ဦးနဲ့ ပြည်သူ ၁၅ ဦး ထိခိုက်ဒဏ်ရာ ရသွားပါတယ်။

လားရှိုး-မူဆယ် လမ်းမကြီးပေါ် သိန္နီမြို့နယ်ရှိ နမ့်မတူတံတားကို ယာဉ်နဲ့ ဗုံးဖောက်ခွဲတိုက်ခိုက်ရာမှာတော့ ဖြတ်သန်းသွားလာနေတဲ့ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် တံတားလည်း အနည်းငယ်ပျက်စီးသွားပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို မူဆယ်ဆေးရုံသို့ ပို့ဆောင် ဆေးဝါးကုသမှုပေးခဲ့ပြီး ဒဏ်ရာပြင်းထန်တဲ့ ရဲတပ်ဖွဲ့ဝင် ၆ ဦးနဲ့ ဦးခေါင်းဒဏ်ရာရခဲ့တဲ့ ဒေါ်ရှန်ဆွေ အသက် (၅၆) နှစ် အရွယ် အမျိုးသမီးတဦးကို စစ်ရဟတ်ယာဉ်နဲ့ လားရှိုးမြို့ကို သယ်ဆောင် ဆေးကုသမှုပေးခဲ့ရတယ်လို့ အစိုးရနဲ့ တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013