DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်သံသယရှိသူ ၉၀ ကျော် ထပ်မံဖမ်းဆီးရမိ
DVB
·
November 21, 2016
အကြမ်းဖက်သံသယရှိသူ ၉၀ ကျော် ထပ်မံဖမ်းဆီးရမိ
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာ အကြမ်းဖက်တိုက်ခိုက်သူတွေလို့ သံသယရှိသူ အယောက် ၉၀ ကျော်ကို ထပ်မံဖမ်းဆီးရမိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အမှတ် ၁ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ကွပ်ကဲမှုလက်အောက်ခံ ငါးခူရနယ်မြေရဲစခန်းက တပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းစဉ် အောက်တိုဘာ ၁၉ ရက် ညနေ ၄ နာရီခန့်က မောင်တောမြို့နယ် ကြက်ရိုးပြင်ကျေးရွာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိသူ ၆၀ ဦးကို ဖမ်းမိတာလို့ ဆိုပါတယ်။

အဆိုပါ ဖမ်းဆီးရမိသူတွေကို အောက်တိုဘာ ၁၁ ရက်က ကြက်ရိုးပြင်ကျေးရွာ၊ လောင်းတုံကျေးရွာနဲ့ ပြောင်ပိုက်ကျေးရွာတွေအနီး တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖော်ထုတ်ဖမ်းဆီးမိတာလို့ ဆိုပါတယ်။

အလားတူ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းမှာပဲ မောင်တောမြို့နယ် ငန်းချောင်းကျေးရွာမှာ  မသင်္ကာသူ ၃၃ ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပါတယ်။

အဆိုပါ ဖမ်းဆီးရမိသူတွေကတော့ နိုဝင်ဘာ ၁၂ ရက်က မယင်းချောင်းကျေးရွာ တိုက်ပွဲမှာ တိမ်းရှောင်သွားတဲ့ မသင်္ကာသူတွေဖြစ်ပြီး ဖားဝပ်ချောင်းရွာသား ၇ ဦး၊ မျောတောင်ရွာသား ၉ ဦးနဲ့ ပွင့်ဖြူနေချောင်းရွာသား ၁၇ ဦး စုစုပေါင်း ၃၃ ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက် မောင်တောမြို့နယ်တွင်း နယ်ခြားစောင့်ရဲကင်းစခန်းတွေ တိုက်ခိုက်ခံရပြီးကတည်းက အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်ဖမ်းဆီးထားသူပေါင်း ၃၀၀ ကျော် ၄၀၀ ၀န်းကျင်ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013