DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားငွေကြေးဈေးနှုန်း မြင့်မားမှုကြောင့် ကားဈေးနှုန်းမြင့်တက်
DVB
·
November 20, 2016
နိုင်ငံခြားငွေကြေးဈေးနှုန်း မြင့်မားမှုကြောင့် ကားဈေးနှုန်းမြင့်တက်
Donate to DVB

စက်တင်ဘာ လဆန်းပိုင်းကနေစပြီး နိုင်ငံခြားငွေကြေးလဲလှယ်ရာမှာ မြန်မာကျပ်ငွေ ဈေးနှုန်းတွေ  ကျဆင်းနေပါတယ်။

ဒီလို နိုင်ငံခြားငွေကြေးဈေးနှုန်းတွေက အမြင့်ပိုင်းမှာ ရပ်တည်နေတာကြောင့် ကားတင်သွင်းရောင်းချတဲ့ သူတွေအနေနဲ့ ကားတင်သွင်းရာမှာ ကားတစီးကို ပုံမှန်ထက် ကျပ် ၁၀ သိန်းဝန်းကျင် ပိုမို ကုန်ကျနေပါတယ်။

“စလစ်ဈေးတက်တဲ့အပေါ်မှာလည်း ကိုယ်တို့ကားဈေး တက်တယ်။ အခုတောင် ကားဈေးတက်တဲ့အပိုင်းမှာ လေးပိုင်းနဲ့ ရင်ဆိုင်နေရတယ်။ (၁) အချက်က ဂျပန်မော်ဒယ် ၀ယ်တဲ့အချိန်မှာ ဂျပန်ယမ်းဈေးမာနေတယ်။ အဲဒီမှာ တခါတက်တယ်။ ပြီးရင်ဂျပန်ကားဈေးတက်တယ်။ ၀ယ်တဲ့ဈေးတက်တာ။ စလစ်ဈေးတက်တယ်။ သုံးခုဖြစ် သွားပြီ။ နောက်ပြီးတော့ ဆိပ်ကမ်းမှာဆောင်တော့ ဒေါ်လာဈေးတက်တယ်။ ကညန မှာ တခါထပ်ဆောင်တော့ ဒေါ်လာဈေးတက်တယ်။ ဒီငါးဆင့်တက်တော့ ကားတစီးဟာ သိန်းတရာကို ၇ သိန်းနဲ့ ၁၂ သိန်းကြားမှာ တက်သွားတယ်။ စလစ်ကား တွေဆိုရင် ၁၅ သိန်းထိတက်တယ်”။ လို့ MMM ကားအရောင်းပြခန်း ဒါရိုက်တာ ဦးမင်းမင်းမောင်က ပြောပါတယ်။

ငွေလဲနှုန်းကြောင့် ကားဈေးတက်နေတာဟာ လက်ရှိကားအရောင်းအဝယ် ဈေးကွက်ထဲမှာ ယာဉ်အိုယာဉ်ဟောင်းအပ်နှံလို့ ရတဲ့ စလစ်တွေ ရှားပါးလာတာကြောင့် ကားဈေးနှုန်းမြင့်တက်နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

“ယာဉ်အို ယာဉ်ဟောင်း မှန်သမျှ ပေးအပ်ခံစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့မှာ ကားအစီးရေဟာ ရှစ်ထောင် တသောင်းလောက်က ကုမ္ပဏီတွေမှာရော၊ ကျနော်တို့မှာရော ရှိကြတယ်။ အဲတော့ တကယ်ပေးတာ သုံးထောင်တည်းဆိုတော့ နည်းသေးတယ်။ အဓိက ကျနော်တို့ နိုင်ငံတကာ စံချိန်စံညွှန်းမမီတဲ့ စက်မှုဇုန်ကား အစုတ်တွေ၊ နောက်ပြီးတော့ နံပါတ်အနိမ့်တွေ နှစ် ၂၀ အောက် အခြားကား တွေပါ အကုန်ပေးအပ်တယ်ဆိုတော့ စလစ်ဈေးကျပြီးတော့ ပုံမှန်ပြန်လည်သွားနိုင်တယ်။ အဲလို ပြန်လည်သွားဖို့တော့ ကျနော်တို့ မြင်တယ်”။ လို့ မြန်မာနိုင်ငံ မော်တော်ယာဉ် ရောင်း၊ ၀ယ်သူများအသင်း ဗဟိုအလုပ်အမှုဆောင် ဦးအေးကျော်က ပြောပါတယ်။

လက်ရှိကားအရောင်းအဝယ် ဈေးကွက်ထဲမှာတော့ ဝယ်ယူသူတွေနည်းပါးနေပြီး ရောင်းချသူတွေသာ များနေတယ်လို့ မော်တော်ယာဉ် ဝယ်ရောင်းလုပ်ကိုင်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013