DVB Logo
Home
မြန်မာသတင်း
နုတ်ထွက်စာတင်ဖို့ ဦးဝင်းထိန်က လာပြောတယ် - တာဝန်မှရပ်စဲခံရသည့် စိုက်/မွေးဒုဝန်ကြီး (ရုပ်သံ)
DVB
·
November 19, 2016
နုတ်ထွက်စာတင်ဖို့ ဦးဝင်းထိန်က လာပြောတယ် - တာဝန်မှရပ်စဲခံရသည့် စိုက်/မွေးဒုဝန်ကြီး (ရုပ်သံ)
Donate to DVB

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဒေါက်တာထွန်းဝင်းကို တာဝန်မှရပ်စဲလိုက်ကြောင်း နိုင်ငံတော်သမ္မတက နိုဝင်ဘာ ၁၈ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေတွေအရ တာဝန်ကနေ ရပ်စဲတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပေမယ့် ဘာကြောင့် ရာထူးက အနားပေးလိုက်တယ်ဆိုတာကိုတော့ အသေးစိတ်ဖော်ပြခြင်းမရှိပါဘူး။

ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရအဖွဲ့အာဏာရပြီး ၆ လကျော်အကြာမှာ ပြည်ထောင်စုအဆင့် ဒုဝန်ကြီးတဦးကို ပထမဆုံးအကြိမ်ရာထူးက အနားပေး လိုက်တာဖြစ်ပါတယ်။

ဒုဝန်ကြီး ဒေါက်တာထွန်းဝင်းဟာ ပြီးခဲ့တဲ့ သြဂုတ်လ ပြည်သူ့လွှတ်တော်မှာတော့ အရင်အစိုးရအဆက်ဆက်က ဆောက်လုပ်ခဲ့တဲ့ ဆည်တွေနဲ့ မြစ်ရေတင်စီမံကိန်းတချို့ဟာ ကိုယ်ကျိုးစီးပွားအတွက် ဆောက်လုပ်ခဲ့တာတွေရှိလို့ တိုင်းပြည်နဲ့ ဒေသခံတွေအတွက် အကျိုးရှိ မရှိ ပြန်လည်သုံးသပ်သွားမယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

ရာထူးကနေ ထုတ်ပယ်ခံရတာနဲ့ ပတ်သက်ပြီး ဒေါက်တာထွန်းဝင်းက ဒီနေ့ နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။ ဒေါက်တာ ထွန်းဝင်း သတင်းစာရှင်းလင်းပွဲမှ ပြောကြားချက် အပိုင်း ၂ ကို ရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။

ရုပ်သံ - ကျော်ဇေယျာဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013