DVB Logo
Home
မြန်မာသတင်း

ကလေး - ကျီကုန်း - ကလေးဝ - တမူး လမ်းပိုင်း ပြုပြင်မှု ၂၀၁၇ တွင် စမည်

DVB
·
November 19, 2016
ကလေး - ကျီကုန်း - ကလေးဝ - တမူး လမ်းပိုင်း ပြုပြင်မှု ၂၀၁၇ တွင် စမည်
Donate to DVB

အာရှပတ်လမ်းပိုင်း ကလေး-တမူး ဆက်သွယ်ရေး လမ်းတံတားများနဲ့ ကလေးဝ - ကျီကုန်း - ကလေး လမ်းပိုင်းတွေကို လာမယ့် ၂၀၁၇ နွေရာသီက စပြီး ပြုပြင်တော့မယ်လို့ နိုဝင်ဘာလ ၁၈ ရက်နေ့က ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၈ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်က ကလေးဝ - ကျီကုန်း - ကလေးမြို့ ကားလမ်းမကြီးဟာ မန္တလေး - မုံရွာ ကလေး တမူး ကုန်စည်စီးဆင်းရာ အရေးပါတဲ့ လမ်းမကြီးတခုဖြစ်ပြီး ရေရှည်တည်တံ့ အသုံးပြုနိုင်ဖို့ အတွက် နိုင်ငံတော်အစိုးရအနေနဲ့  ရေတိုရေရှည်စီမံကိန်း ချမှတ် ဆောင်ရွက်ဖို့၊ မြစ်သာမြစ်ရေတိုက်စားခြင်းကနေ ကာကွယ်နိုင်ဖို့ တောင်ပြို Land  slight  ဖြစ်ခြင်းတွေကနေ ကာကွယ်ဖို့ အထူးလိုအပ်နေတာကြောင့် ဆောင်ရွက်ပေးဖို့ အစီစဉ်ရှိမရှိ မေးမြန်းရာမှာ  ဝန်ကြီး ဦးဝင်းခိုင်က ခုလို ဖြေကြားခဲ့တာပါ။

"ကလေးဝ-ကျီကုန်း-ကလေးမြို့ လမ်းမကြီးအားရေရှည်တည်တံ့ အသုံးပြုနိုင်ရန် အတွက် ထိုမဟာဗျုဟာမြောက်လမ်းမကြီးအား လာမည့် ၂၀၁၇ ခုနှစ်ပွင့်လင်းရာသီ ကာလတွင် လက်ရှိပကတိ အခြေအနေမှန်များကို စနစ်တကျပညာရှင်များဖြင့် လေ့လာသုံးသပ်၍ အဆင့်မြင့်ခေတ်မီ စက်ယန္တရားကြီးများ အသုံးပြု၍အကောင်းဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကလေးဝ-ကလေး-တမူးလမ်းမကြီးပေါ်ရှိ တံတားပေါင်း ၆၉ စင်းကိုလည်း သံကူကွန်ကရစ်တံတားကြီးများအဖြစ် ပြုပြင်သွားမှာ ဖြစ်တယ်။"

ကလေး - တမူး လမ်းမကြီးဟာ လမ်းသားပျက်စီးမှု နည်းပါးပေမယ့် အင်္ဂလိပ်ခေတ် လက်ကျန် တံတားဟောင်းတွေကိုပဲ အများအားဖြင့် ပြုပြင်အသုံးပြုနေပြီး အချို့တံတားဟောင်းတွေ အနေနဲ့ ယာဉ်ကြီးတွေ ဖြတ်သန်းမရတော့ပဲ ကွင်းလမ်းဖောက် အသုံးပြုနေရတာပါ။

ကလေးဝ - ကျီကုန်း - ကလေး လမ်းပိုင်းအနေနဲ့ အနေနဲ့လည်း မြစ်သာဖြစ်နဲ့ အပြိုင် တည်ရှိနေပြီး ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရေဘေးမှာ လမ်းသားတွေ ရေတိုက်စား ပဲ့ကျတာ၊ ရေဘေးအပြီးအထိ လမ်းပိုင်းတချို့ နိမ့်ကျွံကျခြင်းတွေနဲ့ ကြုံနေရပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013