DVB Logo
Home
မြန်မာသတင်း
ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးလယ်ယာမြေများ သင်္ကြန်မတိုင်ခင် အပြီးပြုပြင်ပေးရန် တောင်းဆို
DVB
·
November 19, 2016
ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးလယ်ယာမြေများ သင်္ကြန်မတိုင်ခင် အပြီးပြုပြင်ပေးရန် တောင်းဆို
Donate to DVB

ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့်ပျက်စီးသွားတဲ့ လယ်ယာမြေတွေအတွက် လာမယ့်သင်္ကြန် မတိုင်ခင် လယ်မြေတွေကို ပြုပြင်ပေးဖို့နဲ့ ထိုက်တန်တဲ့လျှော်ကြေးပေးဖို့ တောင်သူတွေက တောင်းဆိုလိုက်ပါတယ်။

ကျောက်ဖြူမှာပိုက်လိုင်းကြောင့် ရွှံ့စေး၊ နွံတွေမြေတွေ လယ်ယာမြေတွေပေါ်ကို ကျရောက်ခဲ့လို့ တောင်သူ ၂၁ ဦးမှာ လယ်ဧက ၁၈ ဧကကျော် ပျက်စီးသွားတာနဲ့ပတ်သက်လို့ တောင်သူတွေဘက်က တပတ်တခါ ဆန္ဒထုတ်ဖော်ဖို့ စီစဉ်ခဲ့ပေမယ့် CNPC ကုမ္ပဏီ တာဝန်ရှိသူတွေဘက်က တောင်သူတွေအဆင်ပြေအောင် လုပ်ပေးမယ်လို့ ကတိပြုခဲ့တာကြောင့် ဆန္ဒထုတ်ဖော်မှုကို ရပ်တန့်လိုက်တာလို့ ပြောပါတယ်။

သင်္ကြန်မတိုင်ခင် ပျက်စီးလယ်ယာမြေတွေကို အပြီးသတ် လုပ်ပေးရမယ်လို့ တင်ပြခဲ့ကြောင်း တောင်သူလယ်သမားအရေးကို ဆောင်ရွက်နေသူ ဒေါ်ကြည်ကြည်နှင်းက ဒီဗွီဘီကို ပြောပါတယ်။

“ဒီဆုံးရှုံးသွားတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်လို့ ပျက်စီးလယ်မြေတွေကို လုပ်ပေးဖို့ရယ်၊ ထိုက်တန်တဲ့ လျှော်ကြေးပေးဖို့ ဒါတွေကို ကျမတို့တောင်းဆိုတာပါ။ တဖက်ကလည်း ပိုက်လိုင်းကြောင့် ပျက်စီးသွားတဲ့ လယ်မြေတွေကို ပြင်လုပ်ပေးဖို့ လယ်သမားတွေက တောင်းဆိုပါတယ်။ တကယ်လို့ လုပ်မပေးနိုင်ဘူးဆိုရင် တပတ်တခါ ဆန္ဒထုတ်ဖော်သွားဖို့ စီစဉ်တာပါ။ အဲဒါနဲ့ သူတို့ဖက်ဆန္ဒမပြဖို့ ပြောတယ်ပေါ့။ ငါတို့ အဆင်ပြေအောင် တခုခုလုပ်ပေးမယ်ဆိုပြီး ပြောလာပါတယ်။ အဲဒါနဲ့ သက်မှတ်အချိန်တခုကိုစောင့် ဆန္ဒပြမယ့် အစီစဉ်ကို ရပ်ဆိုင်း လိုက်ပါတယ်။”

ပျက်စီးဆုံးရှုံးသွားတဲ့ လယ်ယာမြေတွေကို လက်တလောမှာ လျှော်ကြေးပေးဖို့ တင်ပြထားပြီးအထက် အရာရှိ ဆွေးနွေးချက်အဖြေတခုကို စောင့်ဆိုင်းနေပြီးဖြစ်တယ်လို့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အရှေ့တောင်အာရှရေ နံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီးမံကိန်း (China National Petroleum Coeporation) (CNPC) ကုမ္ပဏီရန်ကုန်ရုံးခွဲမှ တာဝန်ရှိသူ Mr Xiaoyunhong က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ကတောင်းဆိုချက်ကို ကျနော်တို့လောလောဆယ် ဆုံးဖြတ်ချက်ပေးလို့တော့ မရသေးဘူး။ ဒါပေမယ့် MOGE အဖွဲ့ရဲ့အထက်ပိုင်း လူကြီးတွေနဲ့ ညှိနှိုင်းတိုင်ပင်နေပါတယ်။ ကျနော်တို့ဘက်ကတော့ အဆင်ပြေအောင် လုပ်ပေးမယ်။ အခု လယ်မြေကိစ္စကို ကျနော်တို့ညှိနှိုင်းနေပါတယ်။ သူတို့ဘက်ကတော့ အခုလာမယ့် သင်္ကြန် မတိုင်ခင် လုပ်ပေးရမယ်လို့တော့ ပြောထားတယ်။ လက်ခံသလားလက်မခံဘူး လားဆိုတာကို ကျနော်ကိုယ်တိုင် ပြောလို့မရဘူးခင်ဗျ။ လောလောဆယ်တော့ ဘာမှအတည်ပြုလို့ မရသေးဘူး။ အပေါ်ကဆွေးနွေးချက်အဖြေကို စောင့်ဆိုင်းပြီးမှပြောလို့ရပါမယ်။”

လယ်သမားဘက်က အချက်သုံးချက်ကို တောင်းဆိုခဲ့ပြီး အဲဒီအချက်တွေကတော့ ယခုလယ်မြေတွေကို ပြန်လည်ပြုပြင်ပေးဖို့ရန်၊ ထိုက်တန်တဲ့လျှော်ကြေးပေးဖို့နဲ့ ယခုလာမယ့် သင်္ကြန်မတိုင်ခင် ပြီးစီးအောင်မြင်အောင် ဆောင်ရွက်ပေးရမယ်လို့ တောင်းဆိုခဲ့တယ်လို့ Mr Xiaoyunhong က ပြောပါတယ်။

ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် ပျက်စီးသွားတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးရဖို့ နိုဝင်ဘာ ၁၇ ရက်နေ့က MOGE , CNPC တို့မှာ အရာရှိတို့နဲ့ ညှိနှိုင်း ဆွေးနွေးတဲ့ အထဲမှာ ဆယ်မြောင်းဦးစီးဌာနဲ့ စိုက်ပျိုးရေးဌာနတို့ကလည်း ယခုလယ်မြေတွေကို စိုက်ပျိုးလို့မရနိုင် ကြောင်းဆွေးတင်ပြခဲ့ပါတယ်။

CNPC ကုမ္ပဏီဘက်က သြဂုတ်လအတွင်းမှာ လယ်မြေတွေ ဆုံးရှုံးမှုအတွက် သိန်း ၃၀၀ ကျော် လျော်ကြေး ပေးအပ်ခဲ့ပေမယ့် “တောင်သူများသို့ အပြီးသတ်ပေးချေခြင်း”ဆိုတဲ့ စာသားကို မကျေနပ်လို့ တောင်သူတွေက နစ်နာကြေးကို လက်ခံခဲ့ခြင်းမရှိပါဘူး။

သတင်း၊ဓာတ်ပုံ-ဝဏ္ဏခွာညို၊

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013