Home
သတင်းဓာတ်ပုံ
ကိုယ်ဝန်ဆောင် ဧရာဝတီလင်းပိုင်သေ ၁ ကောင် တွေ့ရှိ (ဓာတ်ပုံ)
DVB
·
November 19, 2016
lin6
lin4
lin3
lin2
lin1
lin
lin5
နိုဝင်ဘာလ ၁၃ ရက်နေ့က စစ်ကိုင်းမြို့ ခိုတောင်ကျေးရွာ အောက်ဘက်မြစ်ရေပြင်မှာ ကိုယ်ဝန်ဆောင် ဧရာဝတီလင်းပိုင်သေ ၁ ကောင် တွေ့ရှိခဲ့ရတာပါ။ သေဆုံးသွားတဲ့ လင်းပိုင်ရဲ့ ခန္ဓာကိုယ်အလျားမှာ ၇ ပေ ၂ လက်မရှိပြီး၊ လုံးပတ် ၄ ပေ ၁၀ လက်မရှိပြီး သွားများ ပြည့်စုံကောင်းမွန်ပြီး အသက်အားဖြင့် ၂၀ နှစ်အထက်ကို ရောက်ရှိနေပြီ ဖြစ်တယ်လို့ ထိန်းသိမ်းရေးအဖွဲ့က ခန့်မှန်းထားပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဒုတိယအကြိမ် သေဆုံးခြင်း ဖြစ်ပါတယ်။ လင်းပိုင်သေဆုံးမှုနဲ့ ပတ်သက်လို့ ဒေသသခံများက ဘတ်ထရီရှော့တိုက် ငါးဖမ်းသူများကြောင့် သေဆုံးမှု ဖြစ်နိုင်ကြောင်း သုံးသပ်နေကြပြီး သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) က ရှော့တိုက် ငါးဖမ်းဆီးတာအပြင် မြစ်ရေ အရည်အသွေး ကျဆင်းလာတာကြောင့် သားလျှောသေဆုံးမူလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။ ဧရာဝတီလင်းပိုင်ဟာ မျိုးသုဉ်းလုနီးပါးအဆင့် ရှိနေတဲ့အထဲမှာ ပါဝင်နေပါတယ်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ လေ့လာရေးစာရင်းအရ မန္တလေးကနေ ဗန်းမော်ထိ ၆၅ ကောင် ရှိခဲ့ရာ ၂ ကောင်သေဆုံးသွားတာကြောင့် ၆၃ ကောင်သာ ကျန်ရှိနိုင်လို့ သုံးသပ်နေကြပါတယ် ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024