DVB Logo
Home
မြန်မာသတင်း
ပူးတွဲစောင့်ကြည့်ရေးကိစ္စ အပစ်မရပ်အဖွဲ့များ ချင်းမိုင်တွင် တွေ့ဆုံဆွေးနွေး
DVB
·
November 18, 2016
ပူးတွဲစောင့်ကြည့်ရေးကိစ္စ အပစ်မရပ်အဖွဲ့များ ချင်းမိုင်တွင် တွေ့ဆုံဆွေးနွေး
Donate to DVB

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (ဂျေအမ်စီ) နဲ့ပတ်သက်ပြီး အန်စီအေ လက်မှတ်မထိုးရသေးတဲ့ ယူအန်အက်ဖ်စီအဖွဲ့ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ဝင်တွေ သုံးသပ်ဆွေးနွေးပွဲ ပြုလုပ်နေပါတယ်။

ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒီကနေ့ နိုဝင်ဘာ ၁၈ ရက်နေ့ကစတင်ပြီး နိုဝင်ဘာ ၂၀ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပနေတာဖြစ်ပြီး ဆွေးနွေးနေတဲ့ အကြောင်းအရာ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

အလားတူ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အစည်းအဝေးကို ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာလည်း မနေ့ကတည်းက စတင်ကျင်းပနေပါတယ်။

ဒီအစည်းအဝေးမှာ ဂျေအမ်စီ-ယူ ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က ဂျေအမ်စီအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဆောင်ရွက်နိုင်ဖို့အတွက် အတတ်နိုင်ဆုံး ပစ်ခတ်မှုမရှိအောင် ဆောင်ရွက်ဖို့လိုတဲ့အကြောင်း ပြောကြားသွားပါတယ်။

''နိုင်ငံရေးဆွေးနွေးပွဲတွေ စနစ်တကျ ဆောင်ရွက်နိုင်အောင်၊ ပစ်ခတ်တိုက်ခိုက်မှုတွေ လျှော့ချနိုင်အောင် ဆွေးနွေးသွားမယ်။ နောက်တချက်ကတော့ ဖြစ်ပေါ်လာတဲ့ အခြေခံအကြောင်းရင်းတွေနဲ့ ပတ်သက်ပြီး နောင် ထပ်မံမဖြစ်ပွားနိုင်အောင် တကယ့်အခြေခံ အကြောင်းရင်း အစစ်အမှန်တွေကို ရှာဖွေဖို့လိုပါတယ်။ ရှာဖွေပြီးတော့မှ နှစ်ဘက်ညှိနှိုင်းပြီး ဖြေရှင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။"

၃ ရက်ကြာ ဒီအစည်းအဝေးမှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီရဲ့ ဘဏ္ဍာရေးနဲ့ ဘတ်ဂျက်ကိစ္စတွေ၊ ချင်းပြည်နယ်ဆိုင်ရာ ဂျေအမ်စီ-အက်စ် ဖွဲ့စည်းရေး၊ ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကိစ္စအပြင် နယ်မြေသတ်မှတ်ရေးနဲ့ မိုင်းရှင်းလင်းရေး စတဲ့ကိစ္စ ဆွေးနွေးဖို့ရှိတယ်လို့ အစိုးရသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013