DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးသူများကို ပစ်သတ်ခဲ့သည်ဆိုသည့်သတင်း မဟုတ်မှန်ကြောင်း အစိုးရငြင်းဆို
DVB
·
November 18, 2016
ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးသူများကို ပစ်သတ်ခဲ့သည်ဆိုသည့်သတင်း မဟုတ်မှန်ကြောင်း အစိုးရငြင်းဆို
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးဖို့ ကြိုးပမ်းသူတွေကို မြန်မာ့တပ်မတော်က ပစ်ခတ် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေဟာ လုံးဝမဟုတ်မှန်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ရိုက်တာသတင်းဌာနရဲ့ နိုဝင်ဘာ ၁၆ ရက်နေ့ သတင်းတပုဒ်မှာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရန်ကြိုးပမ်းသူ ၇၂ ဦးကို မြန်မာ့တပ်မတော်က ပစ်သတ်ခဲ့တယ်လို့ သတင်းဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး အစိုးရက ပြန်လည်တုံ့ပြန်လိုက်တာပါ။

ဒါ့အပြင် နတ်မြစ်ကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံဘက်ခြမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသူ ၂၀၀ လောက်ကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ဖမ်းဆီး ပြန်ပို့လိုက်တယ်ဆိုတဲ့ သတင်းတွေဟာလည်း မှန်ကန်မှုမရှိဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် အမှတ် ၂ ဘီဂျီဘီတပ်ရင်းမှူး အာဘူဝေဟာဇာဟိရ်နဲ့ အမှတ် ၃၄ ဘီဂျီဘီ ဒု-တပ်ရင်းမှူး မိုဟာမတ်အာဟူလ်နိုင်းတို့အား စကားပြန်မှတဆင့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ သတင်းတွေ ထွက်ပေါ်နေတာကို ကြားသိရပေမယ့် မြေပြင်မှာ အမှန်တကယ် ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ပြန်လည်ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲက သက်ကိုင်ညာ၊ ၀က်ပြင်နဲ့ ပွင့်ဖြူချောင်းကျေးရွာတွေမှာ နိုဝင်ဘာ ၁၇ ရက်မနက်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေက ၀င်ရောက်ရှင်းလင်းစဉ် မသင်္ကာဖွယ်ရာ ရွာသား ၁၄ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၂ ရက်က ပွင့်ဖြူချောင်းကျေးရွာမှာ ဖမ်းဆီးမိခဲ့သူတဦးကို စစ်ဆေးမေးမြန်းချက်အရ ရွာသားတွေကို အကြမ်းဖက်တိုက်ခိုက်သူတွေက အကြမ်းဖက်သင်တန်းမတက်ရင် လည်လှီးမယ်လို့ ခြိမ်းခြောက်စည်းရုံးပြီး  လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အတင်းအကျပ် တိုက်ခိုက်ခိုင်းခဲ့တာဖြစ်တယ်လို့ ထွက်ဆိုခဲ့ကြောင်းလည်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013