DVB Logo
Home
မြန်မာသတင်း
ရပ်ကျေးဥပဒေပြင်ဆင်ပြီးပါက ပွဲလမ်းသဘင်များ ခွင့်ပြုချက်အဆင့်ဆင့် တောင်းခံရန်မလိုတော့
DVB
·
November 18, 2016
ရပ်ကျေးဥပဒေပြင်ဆင်ပြီးပါက ပွဲလမ်းသဘင်များ ခွင့်ပြုချက်အဆင့်ဆင့် တောင်းခံရန်မလိုတော့
Donate to DVB

လက်ရှိပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေ အတည်ပြု ပြဋ္ဌာန်းပြီးပါက စာပေဟောပြောပွဲ၊ တရားပွဲနဲ့ အခြားပွဲလမ်းတွေ ကျင်းပရာမှာ သက်ဆိုင်ရာအဆင့်ဆင့်ကို ထောက်ခံချက်ရယူဖို့ မလိုတော့ဘူးလို့ ပြည်ထဲရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ တွံတေးအမတ် ဦးမြင့်လွင် မေးမြန်းတဲ့ စာပေဟောပြောပွဲနဲ့ တရားပွဲတွေ ကျင်းပနိုင်ရေး ခွင့်ပြုချက်အဆင့်ဆင့် တောင်းခံရာမှာ လွယ်ကူလျင်မြန် အဆင်ပြေမှုမရှိတဲ့ ကြိုးနီစနစ် ဖျက်သိမ်းပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းကို ဒု-ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြားသွားတာပါ။

“အဆိုပါ ဥပဒေ(မူကြမ်း) ရဲ့ ပုဒ်မ ၁၃ ပုဒ်မခွဲ (စ) တွင် အများပြည်သူသို့ ဖျော်ဖြေသည့်ပွဲများ၊ ပြပွဲများ၊ ရိုးရာဓလေ့အရ ကျင်းပခြင်းနှင့်စပ်လျဉ်း၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးထံ အသိပေးတင်ပြပြီး တာဝန်ယူ တာဝန်ခံ၍ ကျင်းပစေခြင်းဟူ၍ ဖော်ပြထားပါတယ်။ သို့ပါ၍ အဆိုပါ ဥပဒေ(မူကြမ်း) အား အတည်ပြုပြဋ္ဌာန်းပြီးပါက အဆင့်ဆင့် ထောက်ခံချက်ရယူတင်ပြရန် မလိုအပ်တော့သဖြင့် ပိုမိုလွယ်ကူလျင်မြန်သွားမယ်” လို့ ဗိုလ်ချုပ်အောင်စိုးက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ၂၀၁၂ ခုနှစ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေအား တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) ကို အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးအတည်ပြုပြီး ပြည်ထောင်စုလွှတ်တော်မှာ  ဆက်လက်ဆွေးနွေး ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအရ လက်ရှိမှာတော့ စာပေဟောပြောပွဲတွေ၊ တရားပွဲတွေ ကျင်းပမယ်ဆိုပါက ရပ်ကျေးအုပ်ချုပ်ရေးမှူးကစပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးအထိ အဆင့်ဆင့် ထောက်ခံချက်ယူပြီး ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013