DVB Logo
Home
မြန်မာသတင်း
ရဲတပ်ဖွဲ့ဝင်အင်အားဖြည့်တင်းရန် ရဲသင်တန်းကျောင်းသစ်များ နိုင်ငံအနှံ့ဖွင့်လှစ် (ဓာတ်ပုံ)
DVB
·
November 18, 2016
ရဲတပ်ဖွဲ့ဝင်အင်အားဖြည့်တင်းရန် ရဲသင်တန်းကျောင်းသစ်များ နိုင်ငံအနှံ့ဖွင့်လှစ် (ဓာတ်ပုံ)
1 / 27
Donate to DVB

မြန်မာနိုင်ငံအနှံ့ တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ ရဲသင်တန်းကျောင်းသစ်တွေ ဖွင့်လှစ်နေရာ နိုဝင်ဘာ ၁၅ ရက်က မကွေး၊ တနင်္သာရီ၊ မွန်၊ ရခိုင်၊ ကချင်၊ ကယား၊ ရှမ်း စတဲ့ ပြည်နယ်၊ တိုင်း ၇ ခုမှာ ရဲတပ်သားသစ်သင်တန်းကျောင်းတွေ ဖွင့်လှစ်ခဲ့ပါတယ်။

လာမယ့် နိုဝင်ဘာ ၂၁ ရက်မှာတော့ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်၊ ပဲခူး စတဲ့ တိုင်း ၅ တိုင်းမှာ ရဲတပ်သားသစ် သင်တန်းကျောင်းဖွင့်လှစ်သွားဖို့ရှိပြီး ကရင်၊ ချင်း၊ ဧရာဝတီတို့မှာတော့ ဖွင့်လှစ်နိုင်ခြင်း မရှိသေးဘူးလို့ စုံစမ်းသိရပါတယ်။

အခုလို တိုင်းနဲ့ပြည်နယ်အနှံ့မှာ ရဲတပ်သားသစ်သင်တန်းတွေ ဖွင့်လှစ်ရတာက ပြည်သူဗဟိုပြု ရဲလုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့၊ ကိုယ့်တိုင်းနဲ့ ပြည်နယ်အတွင်းမှာ သင်တန်းတက်ပြီး ကိုယ့်ဒေသမှာပဲ တာဝန်ထမ်းဆောင်နိုင်စေဖို့နဲ့ လိုအပ်နေဆဲ ရဲတပ်ဖွဲ့အင်အား ဖြည့်ဆည်းနိုင်ဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ မုံရွာခရိုင် ဒု-ရဲမှူးကြီး ချင်းစိန်က ပြောပါတယ်။

ရဲတပ်သားသစ်သင်တန်း တက်ရောက်နိုင်ဖို့ အသက် ၁၈ နှစ်ကနေ ၃၀ နှစ်ထိ ပညာအရည်အချင်း အနည်းဆုံး ၈ တန်းအောင် အမျိုးသားတွေကို စိစစ်ရွေးချယ်သွားမယ်လို့ သိရပါတယ်။

ယခုဖွင့်လှစ်မယ့် ရဲသင်တန်းကျောင်းမှာ ရဲတပ်သားသစ် အများဆုံး အယောက် ၁၀၀ ကို လက်ခံပြီး ၄ လတာ သင်တန်းပေးမှာဖြစ်ပြီး ရဲတပ်သားသစ်တွေအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်က ပစ္စည်းအမျိုး ၂၀ နဲ့ နေ့စားစီစဉ်ပေးမှာလည်း ဖြစ်ပါတယ်။

မုံရွာမြို့မှာ မကြာခင်ဖွင့်လှစ်တော့မယ့် ရဲသင်တန်းကျောင်းမှာတော့ ချင်းပြည်နယ်က ရဲတပ်သားသစ် ၃၅ ဦး၊ စစ်ကိုင်းတိုင်းက ၆၀ ဦးတို့ကို စစ်ရေးပြ၊ လက်နက်ငယ်၊ ဥပဒေ၊ ကိုယ်ကာယကြံ့ခိုင်ရေး စတာတွေ သင်ကြားပေးမှာ ဖြစ်ပါတယ်။

ထိရောက်တဲ့ ရဲလုပ်ငန်းဆောင်ရွက်နိုင်ဖို့ ရဲတပ်ဖွဲ့အင်အား တိုးချဲ့ဖို့ လိုနေသလို  ခေတ်မီတဲ့ရဲတပ်ဖွဲ့ဖြစ်ဖို့ ရဲတပ်ဖွဲ့စွမ်းရည်မြှင့်ရမယ့်အပြင် ခေတ်မီနည်းပညာ၊ လူအင်အား၊ လုံလောက်တဲ့ လစာအထောက်အပံ့တွေ ထောက်ပံ့ပေးဖို့ လိုအပ်တယ်လို့ ဒု-ရဲမှူးကြီး ချင်းစိန်က ပြောပါတယ်။

သတင်း၊ ဓာတ်ပုံ - အောင်ကိုလတ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013