DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် အကြမ်းဖက် မသင်္ကာသူ ၆၀ ခန့် ထပ်မံဖမ်းဆီးရမိ
DVB
·
November 17, 2016
မောင်တောတွင် အကြမ်းဖက် မသင်္ကာသူ ၆၀ ခန့် ထပ်မံဖမ်းဆီးရမိ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲမှာ အကြမ်းဖက်သမားလို့ ယူဆရတဲ့ မသင်္ကာသူ ၅၉ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၆ ရက်၊ မနက် ၁၀ နာရီက မောင်တောမြို့နယ် ကျားခေါင်းတောင်ကျေးရွာ၊ ဂွဆုံကျေးရွာ၊ ဒါးကြီးဇားကျေးရွာတွေကို အမှတ် ၁ နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးမှ ဒု-ရဲမှူး ဦးဆောင်တဲ့အဖွဲ့က ဝင်ရောက်ရှင်းလင်း ဖမ်းဆီးရမိခဲ့တာပါ။

ဖမ်းဆီးရမိတဲ့ မသင်္ကာသူတွေကို အမှတ် ၃ နဲ့ အမှတ် ၄ နယ်ခြားစောင့်ကွပ်ကဲမှုအဖွဲ့မှူးရုံးတွေမှာ ခေတ္တထိန်းသိမ်းထားတယ်လို့ အစိုးရသတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ အောက်တိုဘာ ၉ ရက် အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုတွေ စဖြစ်ပြီးကတည်းက ဖမ်းဆီးရမိထားတဲ့ ဘင်္ဂါလီစုစုပေါင်း ၂၄၀ ကျော်သွားပြီလို့ မနေ့က နေပြည်တော် အထူးသတင်းစာရှင်းလင်းပွဲက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013