DVB Logo
Home
မြန်မာသတင်း
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လူစွမ်းကောင်းဆု ဒေါက်တာစင်သီယာမောင်ရရှိ
DVB
·
November 17, 2016
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လူစွမ်းကောင်းဆု ဒေါက်တာစင်သီယာမောင်ရရှိ
Donate to DVB

မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီယာမောင်ကို နိုင်ငံတကာပရဟိတ အဖွဲ့တခုဖြစ်တဲ့ AidEx က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လူစွမ်းကောင်းဆု ရွေးချယ်ချီးမြှင့်လိုက်ပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရတ်ဆဲလ်မြို့မှာ မနေ့က ကျင်းပတဲ့ AidEx ရဲ့ နှစ်လည် ဆုပေးပွဲအခမ်းအနားမှာ ဒေါက်တာစင်သီယာမောင်ကို ၂၀၁၆ ခုနှစ်ရဲ့ လူသားချင်းစာနာမှု သူရဲကောင်းဆု ပေးအပ်ချီးမြှင့်လိုက်တာပါ။

သူဟာ ကိုယ်ကျိုးမဖက် လူထုအကျိုးပြု စေတနာ့လုပ်ငန်းတွေကို စွမ်းစွမ်းတမံ လုပ်ဆောင်နေတဲ့အတွက် ဒီဆုပေးအပ်ဖို့ AidEx အဖွဲ့ကြီးက ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ဆုရရှိကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ဒေါက်တာစင်သီယာမောင်ကတော့ ဆေးခန်းရဲ့ ကျန်းမာရေးလုပ်ငန်းကိစ္စနဲ့ စင်ကာပူနိုင်ငံကို ရောက်ရှိနေပါတယ်။

မယ်တော်ဆေးခန်းတည်ထောင်သူ ဆုရရှိတဲ့အပေါ် မယ်တော်ဆေးခန်းရဲ့ ပညာရေးဌာနဒါရိုက်တာ ဆရာရွှေနှင်းက “လက်ရှိ ရွှေ့ပြောင်းဒေသရဲ့ အခြေအနေအရကော၊ နယ်စပ်ဒေသရဲ့ အခြေအနေအရကော ဆရာမကြီး ဆုရလိုက်တာဟာ ဘာပဲပြောပြော ကျနော်တို့ တိုင်းရင်းသားတွေအားလုံးအတွက် အကျိုးရှိပါတယ်။ ၀မ်းလည်းဝမ်းသာတယ်” လို့ ပြောပါတယ်။

ဒေါက်တာစင်သီယာမောင်ဟာ ထိုင်း-မြန်မာ နယ်စပ်တလျှောက်က မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ စစ်ပြေးဒုက္ခသည်တွေကို နှစ်ပေါင်းများစွာ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတာပါ။

ဒေါက်တာစင်သီယာမောင်ဟာ ၁၉၈၉ ခုနှစ်ကတည်းက မယ်တော်ဆေးခန်းကို တည်ထောင်ပြီး နယ်စပ်တလျှောက်က မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ စစ်ပြေးဒုက္ခသည်တွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတာဖြစ်ပါတယ်။

ဒေါက်တာ စင်သီယာမောင်ဟာ ၂၀၁၃ ခုနှစ်က ဆစ်ဒနီငြိမ်းချမ်းရေးဆုချီးမြှင့်ခံရသလို  အာရှတိုက်ရဲ့ နိုဘယ်လ်ဆုလို့ တင်စားခေါ်ဝေါ်တဲ့ ရေမွန်မက်ဆေးဆေးဆု၊ တိုင်းမ်မဂ္ဂဇင်းရဲ့ အာရှသူရဲကောင်းဆု၊ ဆွစ်ဇာလန်နဲ့ အမေရိကန် ကျန်းမာရေးအဖွဲ့တွေက ချီးမြှင့်တဲ့ ဂျိုနသန် မန်း (Jonathan Mann Award) ဆုတွေအပါအ၀င် ဆုအများအပြားရရှိထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013