DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ ဖွဲ့စည်း
DVB
·
November 17, 2016
နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ ဖွဲ့စည်း
Donate to DVB

ရခိုင်ပြည်နယ်ဖြစ်စဉ်တွေကို အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်နိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဒု-၀န်ကြီး ဦးခင်မောင်တင် ခေါင်းဆောင်တဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီကို ဖွဲ့စည်းလိုက်ပါတယ်။

အဖွဲ့ဝင် ၇ ဦးပါ ဒီကော်မတီအနေနဲ့ မြေပြင်မှာ သတင်းအချက်အလက်တွေစုစည်းပြီး  ပြည်စုံတဲ့သတင်းရပြီဆိုရင် ထုတ်ပြန်ပေးသွားမယ်လို့ ကော်မတီအတွင်းရေးမှူး နိုင်ငံတော်သမ္မတရုံး ဒု-ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မနေ့က နေပြည်တော် သမ္မတအိမ်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီကော်မတီအနေနဲ့ အခါအားလျော်စွာ သတင်းစာရှင်းလင်းပွဲတွေ၊ သတင်းထုတ်ပြန်ချက်တွေ ထုတ်ပြန်သွားမှာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် သတင်းထုတ်ပြန်ရေးကော်မတီရုံးကိုလည်း နိုင်ငံတော်သမ္မတအိမ်တော် အောက်ထပ်မှာ ရုံးခန်းဖွင့်ထားပြီး တာဝန်ရှိသူတွေအားလုံး ရုံးချိန်အတွင်း ရုံးမှာ ရှိမှာဖြစ်ကြောင်း ပြောပါတယ်။

ဒါ့အပြင် လက်တွေ့ မြေပြင်မှာ နေ့စဉ်ဖြစ်စဉ်ဖြစ်ပွားမှုတွေကို အချိန်နဲ့တပြေးညီ တပ်မတော်အပိုင်းက ကြေညာမှာဖြစ်ကြောင်း၊ မြေပြင်မှာဖြစ်ပွားတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဆိုင်ရာ လှုပ်ရှားမှုဖြစ်စဉ်တွေကို ချက်ချင်းတင်ရပါကြောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း၊ ကြေးနန်းဖြင့်သော်လည်းကောင်း တင်ရပါကြောင်း၊ ဒီသတင်းတွေအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ကိုယ်စားလှယ်လည်းရှိပါကြောင်း၊ ကျန်အပိုင်းများကို ရခိုင်ပြည်နယ်အစိုးရ၊ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပေါင်းစပ် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ လက်တွေ့ဖြစ်ပြီဆိုသည်နှင့် ချက်ချင်း ကြေးနန်းသတင်း၊ ဖုန်းသတင်းတွေ ရရှိနိုင်ရေး ဆောင်ရွက်မှာဖြစ်ပြီး ပြည်စုံသည့်သတင်းရပြီဆိုရင် ထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒီကော်မတီမှာ ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်အတိုင်ပင်ခံရုံး ဒု-၀န်ကြီး ဦးခင်မောင်တင်၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်စိုးနိုင်ဦး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ အတွင်းရေးမှူးအဖြစ် နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့က ခေါင်းဆောင်မှာပါ။

အဖွဲ့ဝင်တွေအဖြစ်တော့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါ်အေးအေးစိုး၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲမှူးကြီး မျိုးသူစိုးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းအောင်တို့ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013