DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် အမျိုးသမီးတဦးတည်း နေအိမ်မှာရှိနေစဉ် လူ ၃ ဦးက လုယက်
DVB
·
November 17, 2016
နေပြည်တော်တွင် အမျိုးသမီးတဦးတည်း နေအိမ်မှာရှိနေစဉ် လူ ၃ ဦးက လုယက်
Donate to DVB

နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ ဝဏ္ဏဒီပ ရပ်ကွက်၊ ငုရွှေဝါလမ်းအတွင်းက နေအိမ် တအိမ်မှာ လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။

“အိမ်နောက်ဖေးကနေဝင်လာပြီး တယောက်က နောက်ကနေ အချွန်တခုနဲ့ ထောက်ထားပြီးတော့ အော်ရင်နောက်ထိုးလိုက်မှာဆိုပြီးတော့ တအိမ်လုံး မီးမိန်းဘယ်မှာလဲ မေးပြီး မီးမိန်းကို ချခိုင်းတယ်။ သုံးယောက်လုံးက မျက်နှာတွေပဝါတွေနဲ့စီးထားတယ်။ ပစ္စည်းတွေ ချွတ်ခိုင်းတယ်" လို့ လုယက်ခံရသူ မမွန်မွန်ဇော်က ပြောတာပါ။

လုယက်မှုမှာ ဝတ်ဆင်ထားတဲ့ လက်စွပ်၊ လက်ကောက်၊ နားကပ်၊ ဆွဲကြိုး ပါသွားပြီး တန်ဖိုးငွေ ကျပ် ၁၀ သိန်း ဝန်းကျင်ရှိတယ်လို့ မမွန်မွန်ဇော်က ပြောပါတယ်။

ဒီလုယက်မှုက နိုဝင်ဘာ ၁၆ ရက်နေ့ ညနေ ၆ နာရီက ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိ (၈ နာရီ ဝန်းကျင်) အချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေက ပြစ်မှုကျူးလွန်သူတွေဖမ်းဆီးရရှိရးအတွက် ရှာဖွေ စစ်ဆေးနေပြီဖြစ်ပါတယ်။

မမွန်မွန်ဇော်ကတော့ နယ်မြေရဲစခန်း (ထုံးဖို မြို့မရဲစခန်း)မှာ ပ ၂၀၁/၂၀၁၆ ပုဒ်မ ၃၈၆ နဲ့ အရေးယူဆောင်ရွက်ပေးရန် အမှုဖွင့်ထားတယ်လို့ ရဲစခန်းက ပြောပါတယ်။

ပုဒ်မ ၃၈၆ ကတော့ မည်သူမဆို၊ တဦး တယောက်သော သူကိုဖြစ်စေ သူတပါးကိုဖြစ်စေ သေစေမည်ဟု၊ သို့တည်းမဟုတ် အပြင်းအထန်နာကျင်စေမည်ဟု၊ ကြောက်အောင်ပြု၍ ခြောက်လှန့်တောင်းယူမှုကို ကျူးလွန်လျှင်၊ ထိုသူကို ဆယ်နှစ်ထိ ထောင်ဒဏ် တမျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013