DVB Logo
Home
မြန်မာသတင်း
ကိုကာကိုလာအပါအ၀င် အမေရိကန်ကုမ္ပဏီကြီးများ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံ
DVB
·
November 16, 2016
ကိုကာကိုလာအပါအ၀င် အမေရိကန်ကုမ္ပဏီကြီးများ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံ
Donate to DVB

အမေရိကန်စီးပွားရေးလုပ်ငန်းကြီးတွေက အကြီးအကဲတွေ ပါဝင်တဲ့  အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ လာရောက်တွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံမှုကိစ္စတွေ ဆွေးနွေးပါတယ်။

ဒီကနေ့ မနက် ၁၀ နာရီလောက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးရဲ့ ဧည့်ခန်းမမှာ  အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ အမှုဆောင်အရာရှိချုပ် အလက်ဇန္ဒားဖဲလ်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က လာရောက်တွေ့ဆုံတာဖြစ်ပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်မယ့် အခြေအနေတွေကို အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ အမေရိကန်စီးပွားရေးလုပ်ငန်းကြီးတွေဖြစ်တဲ့ American International Group (AIG)၊ CITI Group၊ Coca-Cola၊ Exxon Mobile၊ General Electronic (GE)၊ Jhpiego၊ Elanco နဲ့ Master Card ကုမ္ပဏီတွေက အကြီးအကဲတွေ၊ တာဝန်ရှိပုဂ္ဂိုလ်တွေအပြင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် စကော့မာစီရယ်လည်း လိုက်ပါလာတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မနေ့ကလည်း မြန်မာ-အမေရိကန် ပထမအကြိမ် မိတ်ဖက်အစည်းအဝေးကို နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပရာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပက်ထရစ်မာဖီ ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်တွေ၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ပညာရေးနဲ့  ကျန်းမာရေးကဏ္ဍ၊ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေးကဏ္ဍ၊ ခရီးသွားလာရေးကဏ္ဍ၊ နိုင်ငံ့ဝန်ထမ်းတွေ စွမ်းဆောင်ရည်မြှင့်တင်ရေးကဏ္ဍ စတဲ့ အကြောင်းအရာတွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ အမေရိကန်ပြည်ထောင်စု တရားဝင်ခရီးစဉ်အပြီး အမေရိကန်နဲ့ မြန်မာနိုင်ငံအကြား စီးပွားရေးနဲ့ တခြားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ခပ်စိတ်စိတ်ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013