DVB Logo
Home
မြန်မာသတင်း
မြောင်မြို့နယ်တွင် ၄ တန်းကျောင်းသူတဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ
DVB
·
November 16, 2016
မြောင်မြို့နယ်တွင် ၄ တန်းကျောင်းသူတဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း မြောင်မြို့နယ် မြစံရွာမှာ တန်ဆောင်မုန်းလပြည့်ညက အသက် ၁၀ နှစ်အရွယ် စတုတ္ထတန်းကျောင်းသူတဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတယ်လို့  မြောင်မြို့နယ် ရဲတပ်ဖွဲ့ကသိရပါတယ်။

လပြည့်နေ့က မြစံရွာနဲ့ကပ်လျက် အုတ်နှဲဘုတ်ကျေးရွာမှာ ပွဲရှိတဲ့အတွက်  မိန်းကလေးငယ်ဟာ ဖခင်နဲ့အတူ ပွဲသွားလည်ပတ်စဉ် ပျောက်သွားခဲ့တာဖြစ်ပြီး နောက်နေ့ နိုဝင်ဘာ ၁၄ ရက်နေ့ နေခင်းလောက်မှာ သေဆုံးလျက်ပြန်တွေ့ရှိခဲ့တာလို့ မြောင်မြို့နယ် ရဲတပ်ဖွဲ့မှုခင်းတာဝန်ခံ ရဲတပ်ကြပ်ကြီး ခင်ပပမြိုင်က ပြောပါတယ်။

“သေသွားတဲ့ကောင်မလေးက အသက် ၁၀ နှစ်လေ။ သူ့အဖေနဲ့ အုတ်နှဲဘုတ်ဘုရားပွဲ လပြည့်နေ့ညမှာ ဘုရားပွဲသွားကြည့်ကြတာ။ ဘုရားပွဲကြည့်ရင်း သူ့အဖေက ပြန်မယ်ဆိုတဲ့အခါ ကျတော့ သူ့သမီးလေးကို ကွမ်းယာဆိုင်မှာခဏထားပြီး သူက ဆိုင်ကယ်အပ်တဲ့နေရာကို သွားရွေးတာ။ ရွေးပြီးပြန်လာတဲ့အခါကျတော့ သူ့သမီးကိုမတွေ့တော့ဘူး။ မတွေ့တော့ အဲဒီနားတ၀ိုက်ရှာတာပေါ့။ ရှာတာမတွေ့တော့ သူ့မိန်းမကို ဖုန်းဆက်တယ်။ သမီးပြန်ရောက်ပြီလားပေါ့။ မိန်းမကလည်းမရောက်သေးဘူးပေါ့။ အဲဒါ ရှာကြတဲ့အခါကျ နောက်နေ့ မနက် ၁၁ နာရီလောက်ကျမှ ကလေးတွေက ပြောင်းခင်းထဲမှာ အလောင်းတွေ့လို့ ဆိုပြီးပြောမှ တွေ့တာ။ အဲဒီမှာ သူက ကိုယ်လုံးတီးနဲ့ လည်ပင်းကို ဖုန်းကြိုးလေးနဲ့ညစ်ပြီး သတ်ထားတဲ့ပုံစံ သေနေတာပါ။”

ကလေးကို တွေ့တဲ့အချိန်မှာ ကလေးရဲ့မိန်းမကိုယ်အင်္ဂါစပ်မှာ ယောင်ယမ်းပြီး သွေးတွေထွက်နေတဲ့အတွက် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုဆိုပြီး အမှု ဖွင့်ထားတယ်လို့ ရဲတပ်ကြပ်ကြီး ခင်ပပမြိုင်က ပြောပါတယ်။

“ကျမတို့က အမှုဖွင့်ထားပါတယ်။ မြောင်စခန်းမှာ ၃၇၆/၃၀၂ နဲ့ ဖွင့်ထားတယ်။ အဓမ္မမုဒိမ်းပြုကျင့်ပြီးတော့ လူသတ်တဲ့အမှုပေါ့။”

မြောင်မြို့နယ်မှာ မုဒိမ်းမှုတွေ၊ သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ဖူးပေမယ့် အခုနှစ်အတွင်း သက်ငယ်မုဒိမ်းသတ်ဖြတ်မှုဟာ ဒါပထမဆုံးဖြစ်တယ်လို့လည်း ရဲတပ်ကြပ်ကြီး ခင်ပပမြိုင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013