DVB Logo
Home
မြန်မာသတင်း
မှန်လုံယာဉ် နှင့် ဆိုင်ကယ်တိုက်မိ၊ ကျောင်းသား ၂ ဦး သေဆုံး
DVB
·
November 16, 2016
မှန်လုံယာဉ် နှင့် ဆိုင်ကယ်တိုက်မိ၊ ကျောင်းသား ၂ ဦး သေဆုံး
Donate to DVB

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့မှာ နိုဝင်ဘာ ၁၅ ရက် နေ့လယ်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့လို့ ကျောင်းသား ၂ ဦး သေဆုံးခဲ့ကြောင်း မိုးညှင်းမြို့မရဲစခန်းက ပြောပါတယ်။

ဟိုပင်မြို့ မြို့မတောင်ရပ်ကွက်အရှေ့ ဘုရားကြီးမုခ်ဦးလမ်းဆုံ ပြည်ထောင်စုကားလမ်းမကြီးပေါ်မှာ မြစ်ကြီးနားဘက်မှ မန္တလေးဘက်ကို ယာဉ်မောင်း ကျော်ဖြူအောင် မောင်းနှင်လာတဲ့ ဒုဌဝတီမန်း ယာဉ်လိုင်းမှ ခရီးသည်တင် 5G/၆၈၄၈ မှန်လုံယာဉ်နဲ့ ခင်မောင်ထွေး မောင်းပြီး အောင်သူရစိုး နောက်မှလိုက်ပါလာတဲ့ ဆိုင်ကယ်တို့ တိုက်မိရာမှ ဆိုင်ကယ်ပေါ်ပါသူ ၂ ဦးလုံး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေက ၉ တန်းကျောင်းသားတွေဖြစ်တဲ့ ခင်မောင်ထွေး ၁၆ နှစ်နဲ့ အောင်သူရစိုး ၁၅ နှစ်တို့ဖြစ်ကြပါတယ်။

ယာဉ်မဆင်မခြင်မောင်းသူ ကျော်ဖြူအောင် ၄၆ နှစ် ပတ္တမြားမြို့သစ် မင်္ဂလာဒုံနေသူကို ယာဉ်(ပ)၅/၂၀၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က အရ အမှုစစ်ဒုရဲအုပ် ခင်မောင်ကြည်က ဟိုပင်မြို့ ရဲစခန်းမှာ ဖမ်းဆီး အမှုဖွင့် အရေး ယူဆောင်ရွက်နေကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013