DVB Logo
Home
မြန်မာသတင်း
မြန်မာနယ်စပ်ကို လောင်စာဆီများ မကြာခင်ပုံမှန်ပြန်သွင်းနိုင်မည်ဟု တာ့ခ်ခရိုင်ဝန်ပြော
DVB
·
November 15, 2016
မြန်မာနယ်စပ်ကို လောင်စာဆီများ မကြာခင်ပုံမှန်ပြန်သွင်းနိုင်မည်ဟု တာ့ခ်ခရိုင်ဝန်ပြော
Donate to DVB

မြန်မာနယ်စပ်ကို ထိုင်းနိုင်ငံဘက်ကနေ လောင်စာဆီတွေ ရေကြောင်းလမ်းက တင်သွင်းခွင့် ပိတ်ပင်ထားတဲ့အပေါ် တာ့ခ်ခရိုင် အာဏာပိုင်တွေဟာ နိုဝင်ဘာ ၁၄ ရက် ညနေပိုင်းက အရေးပေါ်အစည်းအဝေးတရပ် ကျင်းပခဲ့ပါတယ်။

ဆွေးနွေးပွဲဆုံးဖြတ်ချက်အရ လောင်စာဆီတွေကို နယ်စပ်ဂိတ် ၃ ခုကနေ ပုံမှန်တင်ပို့နိုင်မှာဖြစ်ကြောင်း၊ ဒါပေမယ့် စွမ်းအင်နဲ့ စီးပွားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း ဆီတွေမတင်ပို့ခင် စစ်ဆေးမှုအဆင့်တွေ ဖြတ်ကျော်ရမှာဖြစ်တယ်လို့ တာ့ခ်ခရိုင်ဝန် နိုင်းကျလွန်းရစ် ဆငွန်ဆတ်က သတင်းထောက်တွေကို ပြောပါတယ်။

“နယ်စပ် ကူးတို့ဆိပ် ၃ ခုကနေ လောင်စာဆီတင်ပို့တာကတော့ အရင်လိုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စွမ်းအင်ဝန်ကြီးဌာနက ချမှတ်ထားတဲ့ မူဝါဒအတိုင်း ဆောင်ရွက်ရမှာဖြစ်လို့ နောက်ထပ် အလုပ်တခု ဖြည့်စွက်လာတာရှိတယ်။ အဲဒီကိစ္စအတွက် ကျနော်တို့ တာ့ခ်ခရိုင် စွမ်းအင်ဌာနကလည်း လောင်စာဆီကုန်သည်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးဖြစ်တယ်။  အကောက်ခွန်ဌာနရဲ့ စစ်ဆေးမှုအပြင် တင်ပို့မယ့်ဆီတွေကို သိုလှောင်စည်ထဲ အရင်ပြောင်းထည့်ပြီးမှ နောက်တခါ ပြန်ထုတ်ပြီး တင်သွင်းရမှာဖြစ်တယ်။”

အရင်လို လောင်စာဆီကို တိုက်ရိုက်မတင်သွင်းတာဟာ လုံခြုံရေးနဲ့ မီးဘေးအန္တရာယ် ကာကွယ်တဲ့အနေနဲ့ရော၊ ဆီရဲ့အရည်အသွေးကို စစ်ဆေးခြင်းနဲ့ သတ်မှတ်ထားတဲ့ နေရာကလွဲပြီး တခြားနေရာတွေဆီ ပို့ဆောင်မှုမရှိအောင် ကာကွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စက်သုံးဆီရောင်းဝယ်သူတဦးကလည်း “အခုထွက်လာတဲ့ ဥပဒေသစ်တခုက လောင်စာဆီတွေကို သတ်မှတ်ထားတဲ့နေရာ မသွင်းဘဲ တခြားနေရာ သွားသွင်းမှာကို ကာကွယ်တဲ့အနေနဲ့ဖြစ်တယ်။ ကျနော်တို့လည်း သတ်မှတ်ထားတဲ့ ဘောင်ထဲဝင်အောင် လုပ်ရတယ်။ အဲဒီဥပဒေအရ ကားပေါ်ကဆီကို နောက်ထပ်ဆီသိုလှောင်တဲ့ စည်ထဲ အရင်ပြောင်းထည့်ရတယ်။ ပြီးတော့ အရင်ပိုက်လိုင်းကနေပဲ ပြန်ပြီးတင်ပို့ပါတယ်။ အဲဒီဟာကို ဖြည့်စွက်လိုက်တာဖြစ်တယ်” လို့ ပြောပါတယ်။

ဒီစည်းကမ်းအရ စက်သုံးဆီသိုလှောင်ရာနေရာကို နိုဝင်ဘာ ၁၆ ရက်နေ့အပြီး တည်ဆောက်မှာ ဖြစ်ကြောင်း၊ ဆီတင်ပို့မယ့်သူတွေဟာ ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ အကောက်ခွန်၊ အာမခံရုံး၊ အင်ဂျင်နီယာဌာန စသဖြင့် ထောက်ခံစာတွေအဆင့်ဆင့် ယူရမှာဖြစ်ကြောင်း၊ ဒါပေမယ့် ထောက်ခံချက်တွေအားလုံး တနေ့တည်းပြီးအောင် ဝန်ဆောင်ပေးဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013