DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်ရေကြီးရာတွင် ပျောက်ဆုံးနေသော မြန်မာဆင်လုပ်သား ၂ ဦး ရှာမတွေ့သေး
DVB
·
November 15, 2016
ချင်းမိုင်ရေကြီးရာတွင် ပျောက်ဆုံးနေသော မြန်မာဆင်လုပ်သား ၂ ဦး ရှာမတွေ့သေး
1 / 2
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ့်တိုင်မြို့နယ်မှာ နိုဝင်ဘာ ၁၁ ရက်ညက ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီး ပန်ချန့်ဆင်စခန်းက လူနေအိမ်တွေ၊ ဆင်တချို့နဲ့ မြန်မာအလုပ်သမား ၄ ဦး ရေစီးနဲ့ မျောပါသွားပါတယ်။

သူတို့ထဲက ၂ ဦး ပြန်တွေ့ပြီး မောင်ဦး ၁၅ နှစ်နဲ့ မောင်ဒေါဒေါ် ၁၆ နှစ်တို့ ၂ ဦးကတော့ ဒီနေ့ထိ ရှာမတွေ့ဘဲ ပျောက်ဆုံးနေဆဲပဲလို့ အသက်ဘေးက လွတ်မြောက်လာသူ မောင်မိုးစက်က ပြောပါတယ်။

“ငါတို့ ဘာမှမသိလိုက်ဘူး၊ အိပ်နေကြတာ၊ အဲဒီအချိန်က ည ၁၀ နာရီ ထိုးပြီ။ မြေပြိုကျလာတော့ ငါတို့ အကုန်မျောသွားတယ်။ တယောက်က အိမ်နားမှာပဲ ကျန်ခဲ့တယ်။ ၄ ယောက်က ရေထဲမျောပါသွားတယ်။ ညီလေးက အဲဒီ ဆင်တဲအောက်ကတဲပေါ်မှာ ရောက်သွားတယ်။ သစ်ပင်သွားကိုင်မိလို့ အဲဒီမှာ ကျန်ခဲ့တယ်။ နောက်တယောက်က ဝါးရုံပေါ်မှာ ကျန်ခဲ့တယ်။ နောက်နှစ်ယောက်က လွှင့်သွားတယ် အခုထိ မတွေ့ဘူး။”

သူတို့အားလုံးဟာ ကယားပြည်နယ် ဖရူဆိုမြို့နယ် ခရိုခူရွာကဖြစ်ပြီး ဆင်စခန်းမှာ လာရောက်အလုပ်လုပ်နေတာ တနှစ်နီးပါးရှိပြီ ဖြစ်ပါတယ်။

ပျောက်ဆုံးသူ ၂ ဦးဟာ ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့်လက်မှတ် အထောက်အထား တစုံတရာ မရှိတဲ့အတွက် ရဲကိုလည်း မတိုင်ရဲ၊ အစိုးရဆီကလည်း ဘာမှထောက်ပံ့ကြေး မတောင်းရဲကြောင်း၊ ဆင်စခန်းပိုင်ရှင် နိုင်းလွန်းထော်ကတော့ သူ့မှာလည်း နေအိမ်တွေပျက်စီးပြီး ဆင်တွေလည်း ခြေထောက်ကျိုး၊ ဒဏ်ရာရလို့ ဆုံးရှုံးမှုတွေများပေမယ့် ပျောက်ဆုံးလူငယ် ၂ ဦးအတွက် ဘတ်ငွေ ၅ သောင်းစီ ကူညီမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ဘာမှမတတ်နိုင်တော့ဘူး။ အားလုံးဆုံးရှုံးသွားပြီ၊ ဘာမှမပြောနိုင်တော့ဘူး။ ဘာမှလည်း မပြောတတ်တော့ဘူး။ သူတို့ကိုလည်း ရှာလို့မတွေ့တော့ဘူး။ ပျောက်ဆုံးသွားတဲ့ သူတွေအတွက် စိတ်မကောင်းပါဘူး၊ ကျနော်လည်း နစ်နာဆုံးရှုံးရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်လူပဲဆိုတော့ သူတို့ကို ကူညီရမှာပေါ့။ တယောက်ကို ၅ သောင်းစီ ကူညီသွားပါမယ်။ ဒါပေမယ့် ပိုက်ဆံတော့ အပြည့်မရှိသေးပေမယ့် သည်းခံပေးပါ။”

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေက ချင်းမိုင်ခရိုင် မယ့်တိုင်၊ ချင်းဒေါင်း၊ ကလျာနိဝပ်ထန၊ မယ့်အိုင်းနဲ့ ၀ိန်းဟိုင် မြို့နယ်တွေမှာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တာပါ။

ရေကြီးမှုကြောင့် နေအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့တဲ့အပြင် မယ့်တိုင်မြို့နယ် ဘန်ချန့်အုပ်စုက ဆင်စခန်းမှာလည်း ဆင်နဲ့လူတွေ တောင်ကျချောင်းရေနဲ့ မျောပါသွားရာမှာ ဆင်ဦးစီးတဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ထိုင်းရတ်သတင်းမှာ ရေးသားဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013