DVB Logo
Home
မြန်မာသတင်း
ဒေါ်လာဈေးကွက်အတွင်း ဝင်ရောက်လုပ်ကိုင်သူများ၍ ဒေါ်လာဈေးတက်
DVB
·
November 15, 2016
ဒေါ်လာဈေးကွက်အတွင်း ဝင်ရောက်လုပ်ကိုင်သူများ၍ ဒေါ်လာဈေးတက်
Donate to DVB

အိမ်ခြံမြေနဲ့ စတော့ဈေးကွက်တွေ အေးနေတာကြောင့် ဒေါ်လာဈေးကွက်အတွင်းကို ဝင်ရောက်လုပ်ကိုင်တဲ့သူများပြီး ဒေါ်လာဈေးတက်နေတယ်လို့ ဈေးကွက် ကျွမ်းကျင်သူတွေက ပြောပါတယ်။

အခုအစိုးရသစ်လက်ထက်မှာ ပြည်တွင်း အမေရိကန်ဒေါ်လာငွေ လဲလှယ်တဲ့ဈေးနှုန်း ၁၃၀၀ ကျော်လောက်ထိ ရောက်ရှိလာပြီးတော့ စံချိန်တင် မြင့်တက်နေပါတယ်။

လတ်တလောမှာ အိမ်ခြံမြေဈေးကွက်နဲ့ စတော့ရှယ်ယာဈေးကွက်တွေ အေးနေတာကြောင့် ဒေါ်လာငွေကို ဝယ်ယူ ရင်းနှီးမြှုပ်နှံတဲ့သူတွေ များလာပြီး ဒေါ်လာဈေးကလည်း မြင့်တက်နေတာ ဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက ဆိုပါတယ်။

တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က “ဗဟိုဘဏ်က ဖွင့်တဲ့ဈေးထက်ကို ပြင်ပဈေးက အခုဆိုရင် တော်တော်လေးကွာနေတာပေါ့။ ပြောရမယ်ဆိုရင် ဒေါ်လာဝယ်တဲ့လူတွေ များတာ၊ ဒေါ်လာလိုအပ်ချက်တွေ များနေလို့ ကွာနေတာပေါ့။ ကွာနေပြီး ဈေးမြင့်နေတော့ ရွှေဈေးတွေလည်း လိုက်မြင့်နေတာပေါ့” လို့ ပြောပါတယ်။

နိုင်ငံတကာဈေးကွက်ထဲမှာ အမေရိကန်ဒေါ်လာဈေးဟာ အကျပိုင်းကို ရောက်နေတဲ့အပြင် အမေရိကန် ရွေးကောက်ပွဲ ရလဒ်ကြောင့်လည်း ဆက်လက်ကျရိပ်ပြနေပါတယ်။

ဒါပေမယ့် ပြည်တွင်းမှာတော့ ဒေါ်လာဝယ်လိုအား မြင့်နေတဲ့အပြင် ကုန်သွယ်ရေးလိုငွေ ပြနေတာကြောင့် ပြည်တွင်းဒေါ်လာဈေး မာနေတာလည်း ဖြစ်ပါတယ်။

“ငွေကြေးဖောင်းပွမှုအနေအထားနဲ့ လက်ရှိဒေါ်လာဈေးကွက် ဈေးနှုန်းရဲ့ အနေအထားအရ သိပ်လည်းကျသွားမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဈေးနှုန်း ကျစ်သွားလိမ့်မယ်။ ကျစ်သွားတယ်ဆိုတာ နည်းနည်းတော့ အိဆင်းသွားလိမ့်မယ်” လို့ မဏ္ဍိုင် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ ဦးသန်းဦးက ပြောပါတယ်။

အရင်ရက်တွေအတွင်း တဒေါ်လာကို ၁၂၈၀ ကျပ်ဝန်းကျင်ကနေ ဒီနေ့မှာတော့ ၁၃၀၀ ကျော်အထိ ပြင်ပပေါက်ဈေး ဖြစ်ပေါ်နေပါတယ်။

တန်ဆောင်မုန်းလပြည့်ကျော် ရက်တွေမှာတော့ ဒေါ်လာဈေး ပြန်ကျနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

ပြည့်ဖြိုးကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013