DVB Logo
Home
မြန်မာသတင်း
ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ဘူးသီးတောင်မြို့တွင် မြို့လုံးကျွတ်ဆွမ်းလောင်းပွဲကျင်းပ (ဓာတ်ပုံ)
DVB
·
November 15, 2016
ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ဘူးသီးတောင်မြို့တွင် မြို့လုံးကျွတ်ဆွမ်းလောင်းပွဲကျင်းပ (ဓာတ်ပုံ)
1 / 15
Donate to DVB

အောက်တိုဘာ ၉ ရက်နေ့ကစပြီး ညနေ ၇ နာရီက မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ ဘူးသီးတောင်မြို့မှာ တန်ဆောင်တိုင်ပွဲတော် မြို့လုံးကျွတ်ဆွမ်းလောင်းပွဲကို နိုဝင်ဘာ ၁၅ ရက်နေ့ မနက်ပိုင်းက ကျင်းပရာ သံဃာတော်အပါး ၁၅၀ နီးပါး အလှူခံကြွရောက်ခဲ့ပါတယ်။

မြို့ပေါ်ကပြည်သူတွေ စီစဉ်ကျင်းပတာဖြစ်ပြီး လတ်တလောအခြေအနေအရ စိုးရိမ်မှုတွေ လျော့ပါးစေလိုတဲ့အတွက် အတီးအမှုတ် အကအခုန်နဲ့တွေပါ ထည့်သွင်းပြီး ပျော်ရွှင်စရာဖြစ်စေဖို့ ကျင်းပရတာဖြစ်တယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။

အောက်တိုဘာ ၉ ရက်နေ့ မောင်တော တိုက်ခိုက်ခံရမှုအပြီး နောက်ပိုင်းမှာ မောင်တောခရိုင်တခုလုံးကို ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာပါ။

ဘူးသီးတောင်မြို့နယ်ထဲမှာ တိုက်ခိုက်ခံရတာ မရှိပေမယ့် မောင်တောမြို့နယ်နဲ့ တဆက်တည်းရှိနေတဲ့အတွက် လုံခြုံရေးအဆင့်မြှင့်တင်ထားပြီး မသင်္ကာဖွယ် စောင့်ကြည့် စစ်ဆေးတာနဲ့ အကြမ်းဖက်မှုနဲ့ ဆက်စပ်တရားခံ ရှာဖွေတာတွေ လုပ်ဆောင်နေပါတယ်။

သတင်း၊ ဓာတ်ပုံ - ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013