DVB Logo
Home
မြန်မာသတင်း
ကထိန်ပွဲတွင် နောက်ပြောင်ရာမှ စကေဘာနှင့်ထိုးမှုဖြစ်ပွား
DVB
·
November 15, 2016
ကထိန်ပွဲတွင် နောက်ပြောင်ရာမှ စကေဘာနှင့်ထိုးမှုဖြစ်ပွား
Donate to DVB

မန္တလေးတိုင်းဒေသကြီး  ဝမ်းတွင်းမြို့နယ် ကထိန်ပွဲမှာ နိုဝင်ဘာ ၁၄ ရက် ညက  သူငယ်ချင်းချင်းချင်း နောက်ပြောင်ရာက ပြတ်ရှအသွားသုံးခုပါစကေဘာနဲ့ထိုးမှု ဖြစ်ပွားပြီး လူငယ် ၂ ဦး ဒဏ်ရာရသွားပါတယ်။

ဝမ်းတွင်းမြို့နယ်လုံးဆိုင်ရာ ကထိန်ပွဲခင်းကျင်းရာဇာတ်ပွဲနဲ့ ဈေးဆိုင်တန်းတွေဆီ အတူတူလာကြတဲ့ သူငယ်ချင်းအချင်းချင်း နောက်ပြောင်ရာမှ အငြင်းပွား စကားများကြပြီး ဝင်းဇော်ဦး (ခေါ်) ကာကာချီက အသင့်ပါလာတဲ့ စကေဘာနဲ့ ထွန်းသူရဖြိုးနဲ့ မျိုးမြင့်အောင်တို့ နှစ်ဦးကို ထိုးခဲ့တာလို့ ဝမ်းတွင်းမြို့မ ရဲစခန်းက အမှုစစ် ဒု-ရဲအုပ် သိန်းဇော်သန်းက ပြောပါတယ်။

“မျိုးမြင့်အောင်နဲ့ စတင်စကားများတော့ မျိုးမြင့်အောင်ကို ဝင်းဇော်ဦးက စကေဘာနဲ့ ဘယ်ဘက်ပခုံး ထိုးသွင်းဒဏ်ရာတချက်၊ ဘယ်ဘက် လက်မောင်း ပြတ်ရှဒဏ်ရာတချက် နှစ်ချက်ထိုးလိုက်တယ်။ ထွန်းသူရဖြိုးက အချင်းချင်း ဒီလိုလုပ်တာမကောင်းဘူးကွာ ဝင်ပြောတော့ ထပ်ထိုးတယ်၊ ထွန်းသူရဖြိုးကို ဘယ်ဘက်ကြောပြင်ထိုးသွင်းပြီး ညာဘက်ရင်ဘတ် ထိုးလိုက်တယ်။ ၀မ်းတွင်းဆေးရုံမှာ ကုသနေရတယ်။”

စကေဘာနဲ့ လူနှစ်ယောက်ကို ထိုးလိုက်တယ်လို့ တိုင်ချက်ရလို့ တရားခံ ဝင်းဇော်ဦး (ခေါ်) ကာကာချီကို ဖမ်းဆီးမိဖို့ လိုက်ရှာရာမှာ ဒုတိယလမ်းမ ရေကျော်ဘေးမှာ တွေ့ရှိဖမ်းမိပြီး  လွှင့်ပစ်ထားတဲ့ စကေဘာကိုလည်း ရှာဖွေတွေ့ရှိတယ်လို့ နယ်ထိန်းခေါင်းဆောင် ဒု-ရဲအုပ်ဇေယျာမိုးမြင့်က ပြောပြပါတယ်။

ဝင်းဇော်ဦး (ခေါ်) ကာကာချီကို ပြတ်ရှသောအရာဖြင့် ပြင်းထန်ဒဏ်ရာရရှိစေသော ပြစ်မှုပုဒ်မ ၃၂၆ နဲ့ ပြတ်ရှသောအရာဖြင့် သာမန်ဒဏ်ရာရရှိစေသောပြစ်မှု ပုဒ်မ-၃၂၄ တွေနဲ့ ၀မ်းတွင်းရဲစခန်းက အမှုဖွင့်စစ်ဆေးနေပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013