DVB Logo
Home
မြန်မာသတင်း
မောင်တောအကြမ်းဖက်မှုများတွင် ဘင်္ဂါလီ ၆၉ ဦးသေဆုံး၊ ၂၃၄ ဦးဖမ်းမိ
DVB
·
November 15, 2016
မောင်တောအကြမ်းဖက်မှုများတွင် ဘင်္ဂါလီ ၆၉ ဦးသေဆုံး၊ ၂၃၄ ဦးဖမ်းမိ
Donate to DVB

ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းတိုက်ခိုက်မှုတွေမှာ အောက်တိုဘာ ၉ ရက်ကနေ  နိုဝင်ဘာ ၁၄ ရက်အထိ စုစုပေါင်း သေဆုံးသူ ဘင်္ဂါလီ ၆၉ ဦးနဲ့ ဖမ်းဆီးရမိသူ ၂၃၄ ဦးရှိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိသူတွေအနက် ၂၉ ဦးကို တရားဥပဒေနဲ့အညီ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး သက်ဆိုင်ခြင်းမရှိသူ ၂၃ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

တပ်မတော်ဘက်ကလည်း စစ်ကြောင်းမှူးအပါအ၀င် အရာရှိ/စစ်သည် ၇ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးပြီး အရာရှိ/စစ်သည် ၅ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။

တိုက်ပွဲဖြစ်စဉ် ၉ ကြိမ်၊ ဘင်္ဂါလီဖမ်းဆီးရရှိမှု ၆၁ ကြိမ်၊ လက်နက်/ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိမှု ၁၀ ကြိမ်၊ ပစ်ခတ်ဖမ်းဆီးမှု ၉ ကြိမ်၊ နှောင့်ယှက်ပစ်ခတ်ခံရမှု ၃ ကြိမ်၊ ကားမိုင်းဖောက်ခွဲခံရမှု ၃ ကြိမ် ရှိခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

ဘင်္ဂါလီအကြမ်းဖက်သူတွေရဲ့ မီးရှို့ဖျက်ဆီး ထွက်ပြေးမှုကြောင့် စုစုပေါင်း အဆောက်အဦ ၂၇၇ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ တပ်မတော် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ မနေ့ကလည်း မောင်တောမြို့နယ်၊ လောင်းဒုံကျေးရွာအုပ်စုမှာ တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ၁၄ ဦးနဲ့ အကြမ်းဖက်သင်တန်းဆင်း ၁၇ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့လည်း ဆိုပါတယ်။

တပ်မတော်စစ်ကြောင်းနဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေဟာ မနေ့မနက်က မြဇင်ကျေးရွာမှာ ဝင်ရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၁၄ ဦး ဖမ်းဆီးရမိခဲ့ပြီး ရေတွင်းကျွန်းကျေးရွာမှာလည်း အကြမ်းဖက်သင်တန်း တက်ရောက်ပြီးတဲ့ ဘင်္ဂါလီ  ၁၇ ဦးကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့တယ်လို့ မြ၀တီသတင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013