DVB Logo
Home
Lead Story
ကေတုမတီ မြို့တည်နန်းတည် ၅၀၆ နှစ်ပြည့်အထိမ်းအမှတ် တောင်ငူမြို့တွင် ကျင်းပ
DVB
·
November 14, 2016
ကေတုမတီ မြို့တည်နန်းတည် ၅၀၆ နှစ်ပြည့်အထိမ်းအမှတ် တောင်ငူမြို့တွင် ကျင်းပ
1 / 15
Donate to DVB

ကေတုမတီ မြို့တည်နန်းတည် ၅၀၆ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားပွဲတော်ကို နိုဝင်ဘာ ၁၄ ရက်နေ့က တောင်ငူမြို့ အရှေ့ဘက်မုခ်ဦးမှာ ကျင်းပပါတယ်။

အခမ်းအနားကို နိုင်ငံတော်သမ္မတရဲ့ဇနီး ဒေါ်စုစုလွင်၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ CB ဥက္ကဋ္ဌ ဦးခင်မောင်အေးနဲ့ အနုပညာရှင်တချို့ တက်ရောက်ခဲ့ပါတယ်။

အခုလို မြို့တည်နန်းတည် အခမ်းအနားကို ၂၀၁၀ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ ၇ နှစ်ဆက်တိုက် ကျင်းပတာလည်း ဖြစ်ပါတယ်။

ကေတုမတီ တောင်ငူမြို့ကို ကောဇာသက္ကရာဇ် ၈၇၂၊ တန်ဆောင်မုန်းလပြည့် နံနက်၂ ချက်တီးအချိန်က မဟာသီရိဇေယျသူရဘွဲ့ခံ မင်းကြီးညိုက စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ- သားကြီး(တောင်ငူ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013