DVB Logo
Home
မြန်မာသတင်း
နတ်တလင်းတွင် မိုးအဆက်မပြတ်ရွာပြီး ချောင်းရေလျှံမှုကြောင့် လယ်ဧက သိန်းချီရေမြုပ်
DVB
·
November 14, 2016
နတ်တလင်းတွင် မိုးအဆက်မပြတ်ရွာပြီး ချောင်းရေလျှံမှုကြောင့် လယ်ဧက သိန်းချီရေမြုပ်
Donate to DVB

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ထဲမှာ မိုးအဆက်မပြတ်ရွာတာကြောင့် တောင်ညိုချောင်းရေလျှံပြီး လယ်ဧကပေါင်း သိန်းချီ ရေနစ်မြုပ်ခဲ့ပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့က စတင်ပြီး ထူးကဲစွာ ရွာသွန်းတဲ့မိုးရေနဲ့ တောင်ညိုဆည် ရေပိုလွှဲကထုတ်တဲ့ရေတွေကြောင့် နတ်တလင်းမြို့နယ်ထဲက ကျေးရွာ ၄ ရွာလောက် ရေနစ်မြုပဲခဲ့ပြီး ကျေးရွာ ၄၀ ကျော်က တောင်သူတွေရဲ့ လယ်ဧက ၁ သိန်းလောက် ရေနစ်မြုပ်ခဲ့တယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောပါတယ်။

ဒေသခံတွေအနေနဲ့ တခါမှ အခုလို မကြုံဘူးတာကြောင့် တောင်ညိုဆည်က ရေမနိုင်လို့ ဖောက်ချတယ်လို့ ယူဆနေကြပါတယ်။

တောင်ညိုဆည်ရေက ရေပိုလွှဲ အမှတ်ထက် ၁ ပေခွဲကျော် ပိုနေတာကြောင့် ရေပိုလွှဲကနေ မြောင်းမကြီးထဲကို ရေထုတ်ပစ်နေရပါတယ်။

မိုးရေချိန် ၇ လက်မကျော်ထိ အဆက်မပြတ်ရွာနေလို့ လယ်တွေထဲက ရေတွေပါ မြောင်းတွေထဲကို ပြန်စီးနေပြီး ချောင်းထဲက ရေလယ်ဗယ် အရမ်းမြင့်ပြီး အခုလိုဖြစ်ရတာလို့ နတ်တလင်း ဆည်မြောင်းဦးစီးအရာရှိ ဦးစ၀်ခွန်ဦးက ဒီဗွီဘီကို ရှင်းပြပါတယ်။

စပါးတွေအများစုက ရိတ်သိမ်းချိန်ရောက်နေပြီဖြစ်တာကြောင့် အဆုံးအရှုံး များကြပါတယ်။

တချို့တောင်သူတွေက မိုးရွာထဲ ရေထဲမှာပဲ ရသလောက် ရိပ်သိမ်းခဲ့ပေမယ့် စပါးတွေက အစိုပြန်ပြီး အညှောင့်ပေါက်နေတာကြောင့် တိရစ္ဆာန်အစာအဖြစ်သာ သုံးပစ်လိုက်ရပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့အထိ မိုးက အဆက်မပြတ်ရွာပြီး ၁၂ ရက်နေ့မှာ မိုးရပ်တန့်သွားပေမယ့် ရေကတော့ နေရာအများစုမှာ ပြန်မကျသေးပါဘူး။

လယ်ယာ၊ မတ်ပဲ၊ ကြံနဲ့ ရာသီပေါ်သီးနှံစိုက်ခင်းတွေ အများအပျား ဆုံးရှုံးခဲ့ကာ အပျက်စီးဆုံးရှုံးမှု ပမာဏနဲ့ ငွေကြေးစာရင်းကိုတော့ စာရင်းကောက်နေဆဲဖြစ်တယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013