DVB Logo
Home
မြန်မာသတင်း
မောင်တောကျေးရွာများကို အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီး၊ ၂၈ ဦး အသေမိ
DVB
·
November 14, 2016
မောင်တောကျေးရွာများကို အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီး၊ ၂၈ ဦး အသေမိ
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲရှိ ကျေးရွာတွေကို အကြမ်းဖက်တိုက်ခိုက်သူတွေက မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၂၀၀ ခန့် မီးလောင်ပျက်စီးသွားပြီး အကြမ်းဖက်သူ ၂၈ ဦး အသေရမိတယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

မနေ့ညပိုင်းက ၀ါးပိတ်ကျေးရွာကို အကြမ်းဖက်တိုက်ခိုက်သူ ၁၀ ဦးခန့် ၀င်ရောက်မီးရှို့ဖျက်ဆီး ထွက်ပြေးသွားခဲ့တာကြောင့် လူနေအိမ် ၈၀ လောက် မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ဂွဆုံကျေးရွာမှာလည်း မနေ့မနက်က တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်း သွားရောက်စဉ် မီးလောင်ကျွမ်းနေတဲ့ အိမ်ခြေ ၅၀ လောက်တွေ့ခဲ့ရပြီး စီးနင်းတိုက်ခိုက်သူတွေ တိုက်ခိုက်ဖို့ ပြေးထွက်လာလို့ ပစ်ခတ်ရှင်းလင်းရာမှာ ၆ ဦး အသေရမိတယ်လို့ ဆိုပါတယ်။

အလားတူ ဒါးကြီးဇားကျေးရွာမှာလည်း မနေ့မွန်းလွဲပိုင်းက တပ်မတော်စစ်ကြောင်းက ရောက်ရှိရှင်းလင်းစဉ် မီးလောင်ကျွမ်းနေတဲ့ အိမ်ခြေ ၆၀ လုံးအား တွေ့ရှိခဲ့ရပြီး ကျေးရွာအတွင်းက တုတ်၊ ဓားကိုင် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၂၀ ဦးခန့်က တိုက်ခိုက်ဖို့ ပြေးထွက်လာလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြန်လည်ပစ်ခတ်ရာမှာ အကြမ်းဖက်တိုက်ခိုက်သူ ၁၉ ဦး အသေဖမ်းဆီးရမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် တပ်မတော်စစ်ကြောင်းက ဂွဆုံကျေးရွာနဲ့ ဒါးကြီးဇားကျေးရွာ ပတ်ဝန်းကျင်မှာ  အသေးစိတ် ဆက်လက်ရှင်းလင်းရာမှာ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ အလောင်း ၃ လောင်း ရှာဖွေတွေ့ရှိခဲ့တယ်လို့လည်း သိရပါတယ်။

မောင်တောမြို့နယ် ဂွဆုံရွာနားမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်က အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ အင်အား ၅၀၀ လောက်နဲ့ တပ်မတော်စစ်ကြောင်းတို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့လို့ စစ်ရဟတ်ယာဉ်သုံးပြီး ကူတိုက်ပေးခဲ့ရသလို တပ်မတော်ဘက်က စစ်ကြောင်းမှူးတဦးလည်း သေဆုံးခဲ့ရတာပါ။

ခုရက်ပိုင်းတွေအတွင်း တပ်မတော်စစ်ကြောင်းနဲ့ နယ်ခြားစောင်ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ မော်တော်ယာဉ်တန်းတွေကိုလည်း အကြမ်းဖက်တိုက်ခိုက်သူတွေက  လက်လုပ်ရှော့ခ်တိုက်မိုင်းတွေနဲ့  ဖောက်ခွဲတိုက်ခိုက်မှုတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013