DVB Logo
Home
Lead Story
စစ်ပွဲများကြောင့် ကျဆုံးခဲ့သူများအတွက် အောက်မေ့ဖွယ်အခမ်းအနား ထောက်ကြံ့ စစ်သင်္ချိုင်းတွင် ပြုလုပ်
DVB
·
November 13, 2016
စစ်ပွဲများကြောင့် ကျဆုံးခဲ့သူများအတွက် အောက်မေ့ဖွယ်အခမ်းအနား ထောက်ကြံ့ စစ်သင်္ချိုင်းတွင် ပြုလုပ်
1 / 10
Donate to DVB

ပထမ ကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ်နဲ့ တခြားစစ်ပွဲတွေမှာ ကျဆုံးခဲ့တဲ့ ဗြိတိန်နဲ့ ဓနသဟာယနိုင်ငံတွေက နိုင်ငံ့ဝန်ထမ်းတွေအတွက် အောက်မေ့ဖွယ် အခမ်းအနားတစ်ခုကို ဗြိတိန်သံရုံးက ဦးဆောင်ပြီး ထောက်ကြံ့စစ်သင်္ချိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ပွဲတွေမှာ ပါဝင်ကျဆုံးခဲ့ကြတဲ့ ဗြိတိန်နဲ့ ဓနသဟာယနိုင်ငံတွေက နိုင်ငံ့ဝန်ထမ်းတွေအတွက် အောက်မေ့ဖွယ်ရာ တနင်္ဂနွေ အခမ်းအနားကို နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက ထောက်ကြံ့ စစ်သင်္ချိုင်းမှာ ပြုလုပ်ခဲ့တာပါ။

အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်အပါအဝင် ဒိန်းမတ်၊ ထိုင်း၊ ကနေဒါ၊ အစ္စရေး စတဲ့ နိုင်ငံ တော်တော်များများက သံအမတ်တွေလည်း တက်ရောက် ဂါရဝပြုကြပါတယ်။

ဒါ့အပြင် ဒုတိယကမ္ဘာစစ်မှာ ပါဝင်ခဲ့တဲ့ မြန်မာပြည်ဖွား ဗြိတိန်စစ်သားတစ်ယောက်လည်း တက်ရောက်ခဲ့ပါတယ်။

ထောက်ကြံ့စစ်သင်္ချိုင်းကို ၁၉၅၁ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံ မန္တလေး၊ မိတ္ထီလာနဲ့ စစ်တွေ စတဲ့ မြို့တွေမှာ ကျဆုံးခဲ့သူတွေကို မြှုပ်နှံထားတာပါ။

ဒီသင်္ချိုင်းမှာ ဓနသဟာယနိုင်ငံတွေက စစ်သားပေါင်း ၆၃၀၀ ကျော် မြှုပ်နှံထားပြီး စစ်သားပေါင်း ၂၇၀၀၀ ကျော်ရဲ့ နာမည်တွေ ရေးထိုးထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013