DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းတွင်​ ရိုးချောင်းဖြတ်ကူးသည့် ရွာသား ၂ ဦး ရေနစ်သေဆုံး
DVB
·
November 13, 2016
ဝမ်းတွင်းတွင်​ ရိုးချောင်းဖြတ်ကူးသည့် ရွာသား ၂ ဦး ရေနစ်သေဆုံး
Donate to DVB

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ကန်ပေါက်ကြီးကျေးရွာသား နှစ်ဦးဟာ နိုဝင်ဘာ ၁၂ ရက်နေ့ ညနေပိုင်းက ရိုးချောင်းဖြတ်ကူးစဉ် ရေနစ် သေဆုံးခဲ့ပါတယ်။

ဖြစ်စဉ်မှာ ရွာဝေကျေးရွာအုပ်စု ကန်ပေါက်ကြီးကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးနေတာကြောင့် ဆိတ်၊ နွား၊ သိုး စတဲ့ တိရစ္ဆာန်တွေကို ရွာအနောက်ဘက် ကန်ပေါက်ကြီးကန်နဲ့ တောင်ကြီးကန် ၂ ခုကို ဆက်ထားတဲ့ ပေ၂၀၀ခန့် အကျယ်ရှိ ရိုးချောင်းဖြတ်ကျော်ပြီး ကုန်းမြင့်နေရာမှာ သွားထားရတယ်လို့ ရွာခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၁၂ ရက်ညနေ ၄ နာရီလောက်  နန်းဝင်းဆန်းနဲ့ အောင်အောင်တို့နှစ်ဦး ကုန်းမြင့်မှာ နွားတွေထားပြီး ရွာပြန်လာရာ ရိုးချောင်းဖြတ်စဉ် ရေနစ်သေဆုံးခဲ့တာလို့ ရွာခံ ဦးဇော်ဝမ်းက ပြောပါတယ်။

“လယ်ယာစိုက်ပျိုးရေအတွက် ရေရရှိစေဖို့ တူးဖော်ထားတဲ့ ဖွံ့ဖြိုးကန်နှစ်ကန်ပေါ့။ အဲဒီကန်နှစ်ကန်ကို ဆက်ထားတဲ့ ရိုးချောင်းကို မနက် ဖြတ်တုန်းက ရေကသိပ်မနက်သေးဘူး။ ညနေအပြန်ဖြတ်တော့ ရေတွေတိုးလာတာကို သတိမထားမိဘူး ထင်တယ်။ မနက်ကလို ရေတိမ်ပဲ ထင်ပြီးကူးလိုက်တာရေနစ်သေဆုံးရတာပါပဲ။”
ရွှေတောင်နယ်မြေရဲစခန်းမှူး တင်ထွန်းအောင်က    “ရွာထဲက လူနေအိမ်တွေ၊ လမ်းတွေ၊ ရွာကို သွားရတဲ့လမ်းတွေအားလုံး ရေတွေချည်းပဲ။ လမ်းလျှောက်ပြီးသွားရတာတောင် အတော်ခက်ခက်ခဲခဲသွားယူရတယ်။ တိရစ္ဆာန်တွေ ရေတွေထဲထားရင် ရောဂါရပြီးသေမှာစိုးလို့ ရိုးချောင်းဖြတ်ပြီး ရေလွတ်ရာသွားထားရတာ။ ရေတွေက အနောက်တွေဆို တော့အတိမ်အနက် ခန့်မှန်းရခက်တော့ လူတွေ ရေနစ်သေဆုံးရတာပေါ့” လို့ ပြောပါတယ်။

အလောင်းတွေကို ဝမ်းတွင်းမြို့ပြည်သူ့ဆေးရုံကို ပိုဆောင်ပြီး သေမှုသေခင်းအမှတ် (၆/၂၀၁၆) နဲ့ ရွှေတောင်နယ်မြေရဲစခန်း ဝမ်းတွင်းမြို့မှာ အမှုဖွင့်ပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ် စခန်းမှူး ရဲအုပ်တင်ထွန်းအောင်မှ စစ်ဆေးနေပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013