Home
မြန်မာသတင်း
မောင်တောတွင် တိုက်ပွဲဆက်ဖြစ်နေမှုကြာင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေ
DVB
·
November 13, 2016
မောင်တောမြောက်ပိုင်းမှာ နိုဝင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အဲဒီအနီးတ၀ိုက်က သေခံတွေ စိုးရိမ်ထိတ်လန့်ဖြစ်နေကြရပါတယ်။ အကြမ်းဖက်အဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် နိုဝင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းက ခမရ ၅၅၁ က တပ်သားတဦးကျဆုံးခဲ့ပြီး၊ ညနေပိုင်းတိုက်ပွဲမှာ ခမရ ၃၄၅ က တပ်ရင်းမှူး ၁ ဦး ထပ်မံကျဆုံးခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက်ပွဲတွေကြောင့် အနီးတဝိုက်ကျေးရွာတွေက ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြပြီး၊ အကြမ်းဖက်မှုတွေကို အမြန်ဆုံးတားဆီးပေးဖို့နဲ့ ကျေးရွာတွေမှာ လုံခြုံရေးချပေးဖို့ လိုတယ်လို့ ဖားဝပ်ချောင်းကျေးရွာက အမည်မဖော်လူသူတဦးက ဒီဗွီဘီကိုပြောပါတယ်။ “ကျနော်တို့ ညမအိပ်ရတာ ၅ ရက်ရှိနေပြီ၊ မိန်းမ၊ ယောက်ျား အလှည့်ကျနဲ့ ကင်းစောင်နေရပါရတယ်။ ဒီလို အကြမ်းဖက်မှုတွေဖြစ်နေတော့ ဘယ်လိုလုပ် အပြင်ထွက်ပြီး အလုပ်လုပ်ရဲမှာလဲ။ စပါးတွေကမှည့်နေပြီ၊ ရိတ်သိမ်းဖို့ အချိန်လဲတန်နေပြီ။ ဒီလိုမကြာခဏ ဖြစ်နေတော့ တယောက်မှ အပြင်ထွက် အလုပ်မလုပ်ရဲကြတော့ဘူး။ ကိုယ်ဖြစ်ကိုယ်ခံ အဲလိုဖြစ်နေကြတယ်။ တပ်မတော်ဘက်ကလည်း လုံးခြုံရေးချပေးထားတာလည်း မရှိဘူး။ နောက်ပြီး ကျနော်တို့ရွာနားမှာဆိုရင် ဘင်္ဂါလီရွာတွေက ပတ်ပတ်လည်ဝိုင်းနေပါတယ်။ အကြမ်းဖက်သမားတွေက ရွာတွေဝင်းစီးရင် ဘယ်လိုလုပ်မှာလဲ။ ကျနော်တို့မှာ ဘာလက်နက်မှမရှိဘူး။ ဒီမှာရှိတဲ့ရွာကလူတွေ အကုန်စိုးရိမ်ထိတ်လန့် နေကြရတယ်”။ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ဆရာ၊ မတချို့လည်း စာမပြရဲတော့ဘဲ စိုးရိမ်းထိတ်လန့်နေကြရတယ်လို့ ကျီးကန်ပြင်ကျေးရွာက အလယ်တန်းပြ ကျောင်းဆရာမတဦးက ဒီဗွီဘီကို ပြောပါတယ်။ “ညီမကတော့ ရွာကအပြီးအပိုင်ထွက်လာပြီ၊ ထွက်စာလဲတင်ထားပြီးပြီ၊ ညီမတို့မိသားစုလိုက် မောင်တောမှာ တညအိပ်ပြီးတော့ စစ်တွေပြန်ပါမယ်။ နေ့စဉ်ရက်ဆက် ဖြစ်နေတော့ ညီမတို့ကြောက်လာပါတယ်။ မနေရဲတော့ဘူး။ နောက်ပြီးညီမတို့နေတဲ့ရွာက ကုလားတွေရွာရဲ့ နားဘေးမှာ။ ဟိုနေ့ကလည်း ဆရာ၊ ဆရာမတွေနေတဲ့ အိမ်တွေကိုလည်း အကြမ်းဖက်သမားတွေ မီးရှို့ခဲ့တာပဲ၊ ဒီဘက်ကိုမလာဘူးဆိုတာ ဘယ်သူမှမပြောနိုင်ဘူး။ အဲဒီတော့ တပ်ဘက်ကရော ရွာတိုင်းကိုလုံးခြုံရေး ယူပေးလို့လား။ ဒါကြောင့် ဒေသခံတွေက အထိတ်တလန့်ဖြစ် နေကြရတာပေါ့”။ ရိက္ခာပြတ်လပ်နေတဲ့ ကျေးရွာတချို့ကို သွားရောက်ဖို့ ကြိုစားခဲ့ပေမယ့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ပြန်လှည့်လာခဲ့ရတယ်လို့ မောင်တောမြောက်ပိုင်း အရေးပေါ်ကယ်ဆယ်ရေး ထောက်ပံ့ရေး ကော်မတီ (မောင်တော) ဦးဝေစောဝေမှ ဒီဗွီဘီကိုပြောပါတယ်။ “အဲဒီနေရာတွေကို ကယ်ဆယ်ရေးသွားပေးတာ ကျနော်တို့ ပြန်ပြီးတော့ လှည့်လာရပါတယ်။ ဖားဝပ်ချောင်းကို လုံးဝသွားလို့မရဘူးခင်ဗျ။ အဲဒီတလျှောက်မှာ စားနပ်ရိက္ခာတွေ လုံးဝပြတ်တောက်နေတယ်။ အပြင်လည်းထွက်ပြီး အလုပ်မလုပ်ရဲဘူး။ နောက်ပြီး အခုတိုက်ပွဲဖြစ်နေတာလည်း အဲဒီအနားတဝိုက်မှာ ဖြစ်နေတယ်ဆိုတော့ ပိုဆိုးတာပေါ့။ ရွာတွေမှာ လုံခြုံအရ တပ်အင်အားတွေ ချပေးတာလည်း လုံးဝမတွေ့ဘူး။ နယ်ခြားစောင့်ကလည်း မယူနိုင်ဘူး။ တပ်အင်အားလည်း မလိုက်နိုင်ဘူး။ ဒါကြောင့် ကယ်ဆယ်ရေးပေးတဲ့ အဖွဲ့တွေကလည်း လုံခြုရေးနဲ့မှ သွားလို့ရတယ်။ တဘက်က အကြမ်းဖက်ရန်ကိုလည်း ကြောက်နေရပါတယ်”။ အကြမ်းဖက်သမားတွေက အရပ်သားအသွင်းပြောင်းပြီး အကြမ်းဖက် တိုက်ခိုက်လာတာကြောင့် စိုးရိမ်မှုတွေပိုပြီး မြင့်တက်လာပြီး သတိနဲ့ အသင့်အနေထား နေနေရတယ်လို့ မြောက်ပိုင်းကျီးကန်ပြင်ဌာနမှ လုံးခြုံအရာရှိ တဦးကဒီဗွီဘီကိုပြောပါတယ်။ သတင်း - ဝဏ္ဏခွာညို၊
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024