DVB Logo
Home
မြန်မာသတင်း
အမေရိကန်၏ ကုန်သွယ်ရေးအထူးခံစားခွင့် ယနေ့ စတင် ရရှိ
DVB
·
November 13, 2016
အမေရိကန်၏ ကုန်သွယ်ရေးအထူးခံစားခွင့် ယနေ့ စတင် ရရှိ
Donate to DVB

အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်ရေး အထူးခံစားခွင့်ကို ဒီနေ့ပဲ ပြန်လည်ပေးအပ်လိုက်တဲ့အတွက် မြန်မာနိုင်ငံထုတ် ကုန်ပစ္စည်း အမျိုးအမည် ငါးထောင်နီးပါးလောက် အမေရိကန်ပြည်ထောင်စုကို တင်ပို့ရာမှာ အခွန်ကင်းလွတ်ခွင့်ရရှိပြီ ဖြစ်ပါတယ်။

ရန်ကုန်ရှိ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ  သမ္မတက ကွန်ဂရက်သို့ အသိပေးအကြောင်းတဲ့ ကာလ ရက်ပေါင်း ၆၀ ကြာပြီးနောက် သမ္မတအိုဘားမားဟာ မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေးအထူးခံစားခွင့်ကို ယနေ့ပြန်လည် ပေးအပ်လိုက်ပါတယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန်ရဲ့ ကုန်သွယ်ရေးအထူးခံစားခွင့်ရရှိပြီးတဲ့နောက် လုပ်ငန်းရှင်များအနေနဲ့  အဲ့ဒီအမျိုးအမည် ၅၀၀၀ လောက်မှာ ဘယ်လို ထုတ်ကုန်တွေ ပါတယ်ဆိုတာကို လေ့လာပြီး ထုတ်လုပ်တင်ပို့နိုင်ကြဖို့ ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။

မြန်မာ့အထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်စိုးကတော့ “ကျနော်တို့ ရေထွက်ကုန် ထုတ်လို့ရမယ်၊ နောက်တခါ သစ်အချောထည် ထုတ်လို့ရမယ်၊ ကျောက်မျက်ရတနာ ရနိုင်တယ်၊ နောက် စားသောက်ကုန်တွေ ရနိုင်တယ်၊ နို့ပေမယ့် အဲ့ဒါတွေက ၅၀၀၀ ထဲ ပါ မပါ သေချာ မသိဘူး။”
လတ်တလော မြန်မာ့ထုတ်ကုန်ဆယ်ဂဏန်းလောက်ပဲ အမေရိကန်ကို တင်ပို့နေတာဖြစ်ပြီး ဒီထဲ အ၀တ်အထည်တင်ပို့တာ အများဆုံးလို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံက အမေရိကန်ဈေးကွက်ကို အ၀တ်အထည်နဲ့ ရေထွက်ပစ္စည်းလောက်သာ လက်ရှိ တင်ပို့နိုင်လို့ အခွန်သက်သာခွင့် အကျိုးခံစားရမှု အထိုက်အလျောက်ရှိနေပါတယ်။

၂၀၀၃ ခုနှစ်လောက်စပြီး အမေရိကန်က မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားခဲ့ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အတိုပင်ခံပုဂ္ဂိုလ်ရဲ့ အမေရိကန်ခရီးစဉ်ကျမှ အခု ကုန်သွယ်ရေး အထူးခံစားခွင့်အပါအ၀င် ပိတ်ဆို့ထားတာတွေကို အမေရိကန်ဘက်က ရုပ်သိမ်းပေးခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013