DVB Logo
Home
မြန်မာသတင်း
အလဲဗင်း သတင်းသမားနှစ်ဦးကို ချက်ချင်းလွှတ်ပေးရန် အေအိုင်အဖွဲ့ တောင်းဆို
DVB
·
November 12, 2016
အလဲဗင်း သတင်းသမားနှစ်ဦးကို ချက်ချင်းလွှတ်ပေးရန် အေအိုင်အဖွဲ့ တောင်းဆို
Donate to DVB

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က တရားစွဲဆိုခဲ့ပြီး အလဲဗင်းမီဒီယာအုပ်စုရဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ်တို့အား ဖမ်းဆီးထားမှုကို ချက်ချင်းပြန်လွှတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (အေအိုင်) က တောင်းဆိုလိုက်ပါတယ်။

အခုလို သတင်းသမားနှစ်ဦးကို ဖမ်းဆီးတာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အစိုးရ လက်ထက် လွတ်လပ်စွာဖော်ထုတ်ခွင့်အပေါ် စိုးရိမ်မှုတွေမြင့်တက်စေ တယ်လို့ အေအိုင်အဖွဲ့ရဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ကပြောပါတယ်။

အရင်က ဖိနှိပ်ခံခဲ့ရမှုတွေ ရှိနေခဲ့တဲ့ တက်ကြွလှုပ်ရှားသူတွေ၊ ဂျာနယ်လစ်တွေအပေါ် အကာအကွယ် ပေးရေးအတွက် ပြုပြင်ပြောင်းလဲမှုတွေ၊ ပြင်ဆင်ဆောင်ရွက်မှုတွေ လုပ်ဆောင်နေတဲ့ လက်ရှိအချိန်ကာလမှာ အခုဖြစ်စဉ်ဟာ လုံလောက်တဲ့ ကြိုးစားအားထုတ်မှုမျိုး မဖြစ်နေဘူးဆိုတာ ပြသရာ ရောက်တယ်လို့ ဆိုပါတယ်။

အစိုးရအဖွဲ့ တာဝန်ရှိသူတွေ အပေါ် ဝေဖန်မှုတွေ လုပ်ဆောင်တဲ့အခါမှာ ဥပဒေအမျိုးမျိုး အသုံးပြုပြီး ဖိနှိပ်မှုတွေ လုပ်မယ်ဆိုရင် ဒါဟာ ဂျာနယ်လစ်တွေအပေါ်၊ မီဒီယာလုပ်ငန်း လုပ်ကိုင်နေသူတွေအပေါ် သူတို့ရဲ့ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ရေးသား ပိုင်ခွင့်ကို ကန့်ကွက်လိုက်သလို ဖြစ်စေကြောင်း ပြောပါတယ်။

အလဲဗင်းမီဒီယာရဲ့ အမှုဆောင်အရာရှိ ဒေါက်သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို သူတို့ရဲ့ ဖေ့စ်ဘွတ်မှာ ၀န်ကြီးချုပ်တဦးအား အသရေဖျက်ရေးသားတယ်ဆိုပြီး ဆက်သွယ်ရေးပုဒ် ၆၆ ဃ နဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က အမှုဖွင့်ထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013