DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲ အမ်းမြို့နယ်တွင် အေအန်ပီ ဝင်ပြိုင်မည်
DVB
·
November 12, 2016
ကြားဖြတ်ရွေးကောက်ပွဲ အမ်းမြို့နယ်တွင် အေအန်ပီ ဝင်ပြိုင်မည်
Donate to DVB

လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီ အေအန်ပီအနေနဲ့ အမ်းမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ နှစ်ရက်တာ ကျင်းပပြုလုပ်နေတဲ့ အေအန်ပီ စီအီးစီ အစည်းအဝေး ပထမနေ့မှာ ဆုံးဖြတ်လိုက်ကြပါတယ်။

လစ်လပ်နေတဲ့ အမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ၁ နေရာကို အေအန်ပီပါတီက မည်သူမည်ဝါ ပါဝင်အရွေးခံ ယှဉ်ပြိုင်မယ်ဆိုတာ လက်တလောမှာ မသိရသေးဘူးလို့ ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ဒီနေ့မနက်ပိုင်းက အမ်းမြို့နယ် လစ်လပ်နေတဲ့ နေရာကို အေအန်ပီ ရွေးကောက်ပွဲဝင်ဖို့ ဆွေးနွေးကြပါတယ်။ ကျနော်တို့ စီအီးစီအဖွဲ့ဝင် ၆ ဦးကတော့ အမ်းမြို့နယ်ဘက်ကို လေ့လာရေးခရီးသွားမှာ ဖြစ်ပါတယ်။ အဲဒီက စီအီးစီတွေနဲ့ တွေ့မယ်၊ ဆွေးနွေးမယ်။ ပြည်သူလူထုရဲ့ သဘောထားနဲ့ မြို့နယ်ဒေသခံတို့ရဲ့ သဘောထား စောင့်ကြည့်ရပါမယ်။ သူတို့ရဲ့ သဘောထားကို ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖွဲ့ထံမှာ တင်ပြချက်အရ ဘယ်ပုဂ္ဂိုလ်ဟာ ဝင်ပြိုင်လို့ အသင့်တော်ဆုံး ဖြစ်မလဲ၊ အမည်စာရင်း တင်းသွင်းခံရသူ ဘယ်သူ ဖြစ်မလဲဆိုတာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။”

ရခိုင်အမျိုးသားပါတီ အမ်းမြို့နယ် လေ့လာရေးကော်မရှင်အဖွဲ့ဟာ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ စတင်မှာဖြစ်ပြီး လေ့လာရေးခရီးစဉ်အဖြစ် ၁ ပတ် ကြာမြင့်မယ်လို့ ပြောပါတယ်။

ဒီကနေ့ အစည်းအဝေးမနက်ပိုင်းမှာတော့ အချက် ၂ ချက်ကို ဆွေးနွေးခဲ့ပြီး လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားသားပါတီ အေအန်ပီအနေနဲ့ အမ်းမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ် ဆိုတဲ့ အချက်နဲ့ မောင်တောခရိုင်မှာ အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီးတော့ ရခိုင်တိုင်းရင်းသားတွေးနဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုရဲ့ လုံခြုံရေး၊ လူမှုရေး၊ စီပွားရေးတွေအတွက် လွှတ်တော်အတွင်း၊ လွှတ်တော်အပ ရခိုင်အမျိုးသားပါတီအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ ပါဝင်ဆောင်ရွက်မလဲဆိုတဲ့ အချက်တွေ ဆွေးနွေးခဲ့ကြပါတယ်။

ဒီကနေ့ မနက်ပိုင်းက စတင်ပြုလုပ်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီ(အေအန်ပီ)ရဲ့ ဗဟိုအမှုဆောင် စီအီးစီ အစည်းအဝေးကို ရခိုင်အမျိုးသားပါတီရုံး ဗဟိုဌာနချုပ်မှာ ကျင်းပခဲ့တာ ဖြစ်ပြီး အဲဒီအစည်းအဝေးကို နိုဝင်ဘာ ၁၂ ရက် နေ့အထိ နှစ်ရက်ကြာ ကျင်းပသွားမယ်လို့ ပြောပါတယ်။

ရခိုင်အမျိုးသားပါတီ(အေအန်ပီ)မှာ လက်ရှိ စီအီးစီ ဗဟိုအလုပ်အမှုဆောင် ၃၁ ဦး ရှိပြီး၊ ဒီကနေ့ သတ္တမအကြိမ်မြောက် ဗဟိုအမှုဆောင်ကော်မတီ အစည်းအဝေးကို ၂၄ ဦး တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီ(အေအန်ပီ)က ၄၅ ဦး အနိုင်ရရှိခဲ့ပြီး ရခိုင်ပြည်နယ် လွှတ်တော်မှာ ၂၃ ဦး၊ အမျိုးသားလွှတ်တော် ၁၀ ဦးနဲ့ ပြည်သူ့လွှတ်တော်မှာ ၁၂ ဦးတို့ ရရှိခဲ့ပါတယ်။

လာမယ့် ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ၁ နေရာ လစ်လပ်နေပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013