DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှု အယူခံလွှာများ စတင်စစ်ဆေး
DVB
·
November 12, 2016
လိပ်ကျွန်းလူသတ်မှု အယူခံလွှာများ စတင်စစ်ဆေး
Donate to DVB

ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် လိပ်ကျွန်းမှာ လွန်ခဲ့တဲ့ ၂ နှစ်က ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်လို့ သေဒဏ်အပြစ်ပေးခံထားရတဲ့ မြန်မာလူငယ် ၂ ဦးရဲ့ အယူခံလွှာကို သက်ဆိုင်ရာ တရားရုံးက နိုဝင်ဘာ ၁၁ ရက်နေ့ စတင်စစ်ဆေးနေပါတယ်။

အစိုးရရှေ့နေတွေဘက်က  တရားသူကြီးချမှတ်ထားတဲ့ စီရင်ချက်ကို နိုဝင်ဘာ ၁၀ ရက်နေ့က နောက်ဆုံး ရက်အဖြစ် အယူခံတင်ရမှာဖြစ်ပေမယ့် တင်ပြလာခြင်းမရှိတာကြောင့် အယူခံတရားသူကြီးက နိုဝင်ဘာ ၁၁ ရက်နေ့မှာ မြန်မာလူငယ် ၂ ဦးရဲ့ အယူခံလွှာကို စတင်စစ်ဆေးနေပြီလို့  လူငယ် ၂ ဦးဘက်ကနေ ကူညီပေးနေတဲ့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ  ဦးစိန်ဌေးက ဒီဗွီဘီကို ပြောပါတယ်။

“အစိုးရရှေ့နေတွေဘက်က သတ်မှတ်ရက်မှာ အယူခံလာမတင်လို့ အယူခံတရားရုံးက ဒီနေ့ ကနေစပြီးတော့ အမှုတွဲကို စတင်စစ်ဆေးမှာပေါ့နော်၊ စစ်ဆေးတယ်ဆိုတာ ပြီးခဲ့တဲ့ အောက်ရုံးတုန်းက တင်ထားတဲ့ စွဲချက်တွေ၊  လျှောက်လဲချက်တွေ၊ သက်သေအထောက်အထားတွေပေါ့၊ နှစ်ဘက်အပြန်အလှန် သက်သေအထောက်အထား လျှောက်လဲချက်တွေ အဲဒီအပြင် ကျနော်တို့ ဒီတရားခံဘက်ကပေါ့နော် တင်ပြထားတဲ့ အယူခံလွှာ၊ အစိုးရရှေ့နေဘက်က ပြန်ပြီးချေပထားတဲ့ အယူခံလွှာ အဲဒီဟာတွေပေါင်းပြီးမှ ပြန်ပြီးတော့ စစ်ဆေးသုံးသပ်မှာပေါ့။”

အစိုးရရှေ့နေဘက်က နိုဝင်ဘာ ၁၀ ရက်နေ့က အယူခံလွှာလာမတင်တဲ့ကိစ္စကတော့ အမှုအတွက် ထူးခြားစွာ သက်ရောက်မှုမရှိဘူးလို့ သူကဆက်ပြောပါတယ်။

အယူခံတရားရုံးရဲ့ နိုဝင်ဘာ ၁၁ ရက်နေ့က စတင်စစ်ဆေးချက်ဟာ အချိန်တစ်နှစ်လောက်ကြာမြင့်နိုင်ကြောင်း၊ အယူခံရုံးစီရင်ချက် ကျလာတဲ့အခါ ဆက်လက်ပြီး အမြင့်ဆုံးတရားလွှတ်တော်ချုပ်ကို ဆက်တက်ရမှာ ဖြစ်ပါတယ်။

အမြင့်ဆုံးတရားလွှတ်တော်ချုပ်က စီရင်ချက်ချပြီးရင်တော့ အမှုပြီးဆုံးမှာဖြစ်ပြီး  အချိန် ၂ နှစ် ၃ နှစ် ကြာမြင့်နိုင်တယ်လို့ ရှေ့နေက ဆိုပါတယ်။

လက်ရှိ နွန်ထပူရီခရိုင် ပန်ခွမ်အကျဉ်းထောင်မှာ ကျခံနေတဲ့ မြန်မာလူငယ် ၂ ဦးဖြစ်တဲ့ ဇော်လင်း နဲ့ ၀င်းဇော်ထွန်းတို့ ၂ ဦးတို့ကို  ရှေ့နေက ထောင်ဝင်စာတွေ့ခွင့်ရသလို  ကျန်းမာစွာရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013