DVB Logo
Home
Lead Story
အလဲဗင်း အမှုဆောင်အရာရှိချုပ်နှင့်အယ်ဒီတာချုပ်တို့ကို ရဲစခန်းတွင် တွေ့ရစဉ် (ဓာတ်ပုံ)
DVB
·
November 11, 2016
အလဲဗင်း အမှုဆောင်အရာရှိချုပ်နှင့်အယ်ဒီတာချုပ်တို့ကို ရဲစခန်းတွင် တွေ့ရစဉ် (ဓာတ်ပုံ)
1 / 10
Donate to DVB

အလဲဗင်းမီဒီယာအုပ်စုရဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ နှစ်ဦးဟာ ဒီနေ့ မွန်းလွဲ ၂ နာရီခွဲက ရန်ကုန်တိုင်း၊ တာမွေရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့တယ်လို့ ရဲစခန်းက အတည်ပြုပြောပါတယ်။

လက်ရှိမှာတော့ တာမွေ တရာရုံးမှာ စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက်မှာ အင်းစိန်ထောင်ကိုပို့မယ်လို့ သိရပါတယ်။

သူတို့နှစ်ဦးကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ တာမွေရဲစခန်းမှာ အမှုဖွင့် ထားတာဖြစ်ပြီး ရဲက မနေ့ကတည်းက ရဲစခန်းလာဖို့ ခေါ်ထားပေမယ့် ဒီနေ့ မွန်းလွဲပိုင်းကျမှ လာရောက်အဖမ်းခံခဲ့ကြတာ ဖြစ်ပါတယ်။

ဒေးလီးအလဲဗင်းသတင်းစာရဲ့ အယ်ဒီတာအာဘော်မှာ ဖော်ပြခဲ့တဲ့ ၀န်ကြီးချုပ်တဦးကို ဒေါ်လာ ၁ သိန်းလောက်တန်တဲ့ နာရီပတ်လို့ နိုင်ငံသားတွေက မကျေမနပ်ဖြစ်စေခဲ့တယ်လို့ ရေးသားချက်နဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုဝင်ဘာလ ၉ ရက်နေ့က ရန်ကုန်တိုင်းအစိုးရအဖွဲ့ကနေ တာမွေမြို့နယ်ရဲစခန်းမှာ ၆၆ ဃ နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ -ကျော်ဇေယျ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013