DVB Logo
Home
မြန်မာသတင်း
ရွှေမန်းသူယာဉ်လိုင်း ယာဉ်မောင်းနှင့်အကူတို့ကို ဒေါ်အောင်ဆန်းစုကြည် ချီးကျုးဂုဏ်ပြု
DVB
·
November 11, 2016
ရွှေမန်းသူယာဉ်လိုင်း ယာဉ်မောင်းနှင့်အကူတို့ကို ဒေါ်အောင်ဆန်းစုကြည် ချီးကျုးဂုဏ်ပြု
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ဒေါ်လာ ၈၀၀ ၀၀ ကို ပိုင်ရှင်ထံပြန်ပေးခဲ့ကြတဲ့ ရွှေမန်းသူယာဉ်လိုင်းက ယာဉ်မောင်းနဲ့ ယာဉ်အကူတို့ကို အောက်တိုဘာလအတွက် ချီးကျုးဂုဏ်ပြုထိုက်သူတွေအဖြစ် မှတ်တမ်းတင်လိုက်ပါတယ်။

ယာဉ်မောင်း ဦးမျိုးသန့်နဲ့ ယာဉ်အကူ ဦးမောင်မောင်တို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ပရဟိတအဖွဲ့တခုကို ရန်ကုန်မြို့တွင်း ပို့ဆောင်ပေးခဲ့တုန်းက ကားအတွင်း ကျကျန်ရစ်တဲ့ တောင်ကိုရီးယားနိုင်ငံသားတဦးပိုင် ဒေါ်လာ ၈၀၀၀၀ ပါ ပိုက်ဆံအိတ်တလုံးကို ပိုင်ရှင်ထံ ပြန်ပေးခဲ့လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ချီးကျုးမှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။

ယာဉ်မောင်း ဦးမျိုးသန့်နဲ့ ယာဉ်အကူ ဦးမောင်မောင်တို့ဟာ မြန်မာကျပ်ငွေ သိန်း ၁၀၀၀ နီးပါးနဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၈၀၀၀၀ ကိုတွေ့ရှိရာမှာ လိုချင်တပ်မက်မှု အလျဉ်းမရှိဘဲ ကျင့်ဝတ်၊ သီလ၊ စာရိတ္တ ခိုင်မာစွာနဲ့ ပိုင်ရှင်ဖြစ်သူထံ ချက်ခြင်း ပြန်လည်ပေးခဲ့တယ်။

ဒါကြောင့် အောက်တိုဘာလအတွက် ချီးကျုးဂုဏ်ပြုထိုက်သူအဖြစ် သူတို့ နှစ်ဦးကို ရွေးချယ်ပြီး အခု ကျေးဇူးတင်လွှာကို ထုတ်ပြန်လိုက်တယ်လို့ အတိုင်ပင်ခံရုံး ကြေညာချက်မှာ ဖော်ပြပါတယ်။

နိုင်ငံသူနိုင်ငံသားတွေအနေနဲ့လည်း ယာဉ်မောင်း ဦးမျိုးသန့်နဲ့ ယာဉ်အကူ ဦးမောင်မောင်တို့လို စာရိတ္တမဏ္ဍိုင်ကိုထိန်းသိမ်းပြီး ဖြူစင်ရိုးသားစွာနဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးမှာ အစိုးရနဲ့အတူ ၀ိုင်းဝန်ကူညီပေးကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013