DVB Logo
Home
မြန်မာသတင်း
ဗကသ ကျောင်းသား ၁ ဦးကို သာယာဝတီထောင်ကို ပြောင်းရွှေ့
DVB
·
November 11, 2016
ဗကသ ကျောင်းသား ၁ ဦးကို သာယာဝတီထောင်ကို ပြောင်းရွှေ့
Donate to DVB

စစ်ကိုင်းအလုပ်သမားသပိတ်မှာ ဦးဆောင်ပါဝင်သူတွေ  ဒီကနေ့ ပြန်လည် လွတ်မြောက်လာပြီး  ဗကသ ကျောင်းသား ၁ ဦးကတော့ လက်ကျန် အမှုကြောင့် သာယာဝတီထောင်ကိုပြောင်းရွှေ့ပြီး ဆက်လက်ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ဗကသ အလုပ်အမှုဆောင် ကိုသန်းထိုက်ကို နိုဝင်ဘာ ၅ ရက်နေ့က ထောင်ပြောင်းရွှေ့လိုက်တာလို့ စစ်ကိုင်း အလုပ်သမားခေါင်းဆောင် ကိုခိုင်မင်းပြောပါတယ်။

“ဗကသ ကျောင်းသားတွေ ပညာရေးသပိတ်မှာတုန်းက အမှုတမှု ကျန်နေတာ။ အဲဒီအမှု ၁ အတွက် ရင်ဆိုင်ဖို့ဆိုပြီး သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွှေ့သွားတယ် “ကိုသန်းထိုက်ကို နိုဝင်ဘာ ၁၁ ရက်နေ့မှာပဲ သာယာဝတီ တရားရုံးမှာ စတင် ရုံးထုတ် စစ်ဆေးတယ်လို့ သိရတယ်။ အကျိုးအကြောင်းတော့ သေချာမသိရသေးဘူးလို့”

စစ်ကိုင်းအလုပ်သမားသပိတ်မှာ ပါဝင်ခဲ့တဲ့ အလုပ်သမား ခေါင်းဆောင် ကိုခိုင်မင်း အပါအဝင် ၁၁ ဦးဟာ ရမည်းသင်း အကျဉ်းထောင်ကနေ ဒီကနေ့  ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ပါတယ်။

စစ်ကိုင်းအလုပ်သမားသပိတ်မှာ ပါဝင်ခဲ့တဲ့ ၁၂ ဦးကို နေပြည်တော်တပ်ကုန်း မြို့နယ်တရားရုံးက အောက်တိုဘာလ ၂၄ ရက်နေ့ကမှ  ထောင်ဒဏ် ၅ လ  ချမှတ်ခဲ့တာပါ ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013