DVB Logo
Home
မြန်မာသတင်း
ဦးလူမင်းနှင့် ဒါရိုက်တာမောင်မျိုးမင်း ပြေလည်မှုရရှိ
DVB
·
November 11, 2016
ဦးလူမင်းနှင့် ဒါရိုက်တာမောင်မျိုးမင်း ပြေလည်မှုရရှိ
Donate to DVB

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းနဲ့  ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) တို့အကြားဖြစ်ပွားနေတဲ့ အမှုအခင်းပြဿနာပြေလည်မှုရရှိသွားပြီလို့ ရုပ်ရှင်အစည်းအရုံးက  ထုတ်ပြန်ကြေညာပါတယ်။

အောက်တိုဘာ ၁၉ ရက်ထုတ် အရုဏ်ဦးဂျာနယ်ပါ အင်တာဗျူးမှာ ဒါရိုက်တာ မောင်မျိုးမင်းရဲ့ဖြေကြားချက်တွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနဲ့ ဥက္ကဋ္ဌရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး  တရားစွဲဆို အမှုအခင်းဖြစ်နေတာပါ။

ဒီကိစ္စ နိုဝင်ဘာ ၉ ရက်က ရုပ်ရှင်အစည်းအရုံး နာယကတွေဖြစ်တဲ့ ဗိုလ်ကလေး ဦးတင့်အောင်၊ ပန်းချီဦးစိုးမိုးအပါအ၀င် အစည်းအရုံးအမှုဆောင်တွေနဲ့ ကာယကံရှင်   ဦးလူမင်းနဲ့ ဒါရိုက်တာ မောင်မျိုးမင်းတို့ တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီးနောက် ပြေလည်မှုရရှိခဲ့တာလို့  အစည်း အရုံးရဲ့ မနေ့ က ကြေညာချက်မှာဖော်ပြပါတယ်။

ဒါရိုက်တာ မောင်မျိုးမင်းက သူပြောဆိုခဲ့တာတွေဟာ  ရုပ်ရှင်အစည်းအရုံးနဲ့ ဥက္ကဋ္ဌရဲ့ ဂုဏ်ဒြပ်သိက္ခာတွေကို ထိခိုက်စေခဲ့တာဖြစ်လို့  နာယကကြီးတွေရဲ့  ဆန္ဒသဘောထားအရ လည်းကောင်း၊ လောကသားအချင်းချင်း စည်းလုံးညီညွတ်ရေးကို ရှေးရှု၍လည်းကောင်း သူဖြေကြားခဲ့တဲ့ စကားရပ်တွေကို ပြည်လည်ရုပ်သိမ်းတယ်လို့ ဆိုပါတယ်။

အလားတူရုပ်ရှင်အစည်းအရုံးဘက်ကလည်း တရားစွဲဆိုထားတဲ့ ကိစ္စကို ပြန်လည်ရုပ်သိမ်းပေးမယ့် အကြောင်း နာယကကြီးရှေ့မှောက်မှာ နှစ်ဖက်သဘောတူတယ်လို့  ဦးလူမင်းနဲ့ ဒါရိုက်တာ မောင်မျိုးမင်းတို့ ကိုယ်တိုင်လက်မှတ်ရေးထိုးပြီး ကြေညာ လိုက်တာဖြစ်ပါတယ်။

အရုဏ်ဦးဂျာနယ်အင်တာဗျူးမှာ အပြာကားဆန်ဆန် တဏှာရူးဆန်ဆန် ဇာတ်ရုပ်တွေကို  ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌကအစရိုက်ကူးနေတယ်လို့ ဒါရိုက်တာ မောင်မျိုးမင်းက ဝေဖန်ပြောကြားခဲ့တာဖြစ်ပြီး ဒီရေးသားဖော်ပြချက်ဟာ ရုပ်ရှင်အစည်းအရုံးရဲ့  သိက္ခာကို ထိပါးစေတဲ့ စကားလုံးတွေ ဖြစ်တယ်ဆိုပြီး တရားစွဲဆိုဖို့ ဖြစ်လာရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013