DVB Logo
Home
မြန်မာသတင်း
ဘိုကလေးတွင် လေပြင်းနှင့် မိုးရွာသွန်းမှုများကြောင့် လယ်ယာပျက်စီးဆုံးရှုံးမှုများ
DVB
·
November 11, 2016
ဘိုကလေးတွင် လေပြင်းနှင့် မိုးရွာသွန်းမှုများကြောင့် လယ်ယာပျက်စီးဆုံးရှုံးမှုများ
1 / 5
Donate to DVB

ဘိုကလေးမြို့နယ်အောက်ပိုင်းမှာ လေပြင်းတိုက်ခိုက်ပြီး မိုးရွာသွန်းတာတွေကြောင့် စပါးပင်တွေ ပျက်ဆုံးရှုံးမှု များနေတယ်လို့ လယ်သမားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်လိုက်တဲ့အတွက် စပါးပင်တွေမြေမှာပြိုလဲပြီး ဘိုကလေးမြို့နယ် အောက်ပိုင်းက သက်ငယ်စပါးထည့်ထားကြတဲ့ လယ်သမားတွေဟာ အခက်အဲတွေနဲ့ ရင်ဆိုင်နေရတာပါ။ စပါးတွေမြေမှာလဲတဲ့အပြင် အခုရက်ပိုင်းအတွင်း ရိတ်သိမ်းချိန်မှာ မိုးရွာသွန်းတာကြောင့် စိုးရိမ်မှုတွေရှိနေပါတယ်။

"လယ်သမားတွအတွက်ပျက်စီးဆုံးရှုံးမှုက အများကြီးဖြစ်နေတယ်။ အခုအချိန်က သက်ငယ်စပါးတွေ ရိတ်ချိန်ဖြစ်နေပြီလေ။ ရိတ်ချိန်ဖြစ်နေတဲ့အတွက် ဒီမှာအခက်အခဲတွေ ရှိတယ်။ နောက်တခါ စက်ယန္တရားကလည်း မပြည့်စုံဘူး။ အခုစပါးတွေက ရေမြုပ်တာတွေမြုပ်နေပြီ။ မမြုပ်တာတွေကလည်း ဖရိုဖရဲဖြစ်နေတယ်" လို့ ကဒုံကနိကျေးရွအုပ်စု၊ ရွှေစံရာကျေးရွာက လယ်သမား ဦးစိုးလွင်ကပြောပါတယ်။

ဘိုကလေးအောက်ပိုင်းက လယ်သမားတွေဟာ သီတင်းကျွတ်လပြည့်က တက်တဲ့ရေကြီူးမှုတွေကြောင့် လယ်ယာမြေတွေမှာ ရေနစ်မြုပ်ခဲ့ရပြီး အခုလတော်သလင်းလပြည့် ရေကလည်း စိုးရိမ်ရနေတယ်လို့ လယ်သမားတွေကပြောပါတယ်။

"သက်ငယ်စပါးတွေအခြေအနေက မိုးလေ၀သအခြေအနေအရ အပျက်အစီး နည်းနည်းများနေတယ်။ လုပ်ရကိုင်ရတာလည်း အခက်အခဲမျိုးစုံကြုံနေတယ်။ စပါးတွေလည်း နစ်မြှုပ်နေတယ်ပေါ့။ လေတိုက်တာ ကုန်ခဲ့တဲ့မုန်တိုင်းရက်ကပေါ့။ သက်ငယ်စပါးတွေ အကုန်လဲကုန်တယ်။ လက်ရှိအခြေအနေမှာ လုပ်ရကိုင်ရတာ အဆင်မဘေူး။ ရာသီဥတုလေး နည်းနည်းသာရင် အဆင်ပြေမယ်။ အောက်မှာရေကလည်းရှိတယ်။ အပေါ်ကမိုးကလည်း ရွာနေတယ်။ စပါးတွေအောက်မှာ ပြားသွားတာ" လို့လှေလုံးကွဲကျေးရွာက လယ်သမား ဦးတင်စိုးကပြောပါတယ်။

မြစ်ဝကျွန်းပေါ်က လယ်သမားတွေဟာ ရာသီဥတုအခြေအနေပေါ် မူတည်ပြီး သက်ငယ်စပါးအများဆုံး စိုက်ပျိုးကြပြီး ဒီနှစ်မှာတော့ မိုးဆက်လက်ရွာသွန်းကာ လေးပြင်းတိုက်ခတ်မှု အရှိန်ကြောင့် ရိတ်သိမ်းရာမှာ အခက်အခဲတွေဖြစ်နေတာပါ။

စပါးရိတ်ခဈေးတွေဟာ လယ်လယ်တဧကကို ငွေကျပ် ၅ သောင်းခန့်အထိ ဈေးနှုန်းမြင့်တက်နေပါတယ်။

"မိုးစရွာတည်းက ကြုံရတဲ့အခက်အခဲက အခုဆိုပိုဆိုးတာပေါ့။ စပါးတွေမြုပ်နေတာနဲ့ မိုးရေရော အောက်ရေရော ဖြစ်တဲ့အခါ အပင်ပေါက်နိုင်တာပေါ့။ ဒီတရက်နှစ်ရက်မှာ နေမပူရင် စပါးတွေအစို့ထွက်လာပြီ" လို့ ကဒုံကနိကျေးရွာအုပ်စု အိုင်ကြီးကွင်းကျေးရွာမှာ လယ်လုပ်ကိုင်နေတဲ့ ဦးထွန်းကြိုင်ကဆိုပါတယ်။

လယ်သမားတွေဟာ လက်ရှိစပါးပေါ်ချိန်မှာ အရင်နှစ်က တင်း ၁၀၀ ကို ငွေကျပ် ၅ သိန်းကျော်ရှိခဲ့ပေမယ့် အခုနှစ်မှာ တင်း ၁၀၀ ကို ၃ သိန်းခွဲအထိသာ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013