DVB Logo
Home
မြန်မာသတင်း
အိန္ဒိယရူပီး တရားမဝင်ကြေညာသဖြင့် နယ်စပ်ကုန်သွယ်ရေးတန့်၊ ငွေလက်ဝယ်ရှိ မြန်မာများ အခက်တွေ့
DVB
·
November 11, 2016
အိန္ဒိယရူပီး တရားမဝင်ကြေညာသဖြင့် နယ်စပ်ကုန်သွယ်ရေးတန့်၊ ငွေလက်ဝယ်ရှိ မြန်မာများ အခက်တွေ့
Donate to DVB

အိန္ဒိယနိုင်ငံသုံး  ရူပီး ၅၀၀ တန်နှင့် ၁၀၀၀ တန် ငွေစက္ကူတွေကို တရားမဝင် ငွေကြေးအဖြစ် ကြေညာခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး တန့်သွားပြီး အဲ့ဒီရူပီးငွေလက်ဝယ်ရှိနေတဲ့ မြန်မာကုန်သည်တွေလည်း အခက်တွေ့နေကြပါတယ်။

နိုဝင်ဘာ ၈ရက် သန်းခေါင်ယံကစပြီး လက်ရှိအသုံးပြုနေတဲ့  ရူပီး ၅၀၀ တန်နှင့် ၁၀၀၀ တန် ငွေစက္ကူတွေကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ကြောင်း အိန္ဒိယနိုင်ငံ အစိုးရက ကြေညာခဲ့ပါတယ်။

အဲဒီငွေတွေကို ဘဏ်နဲ့ စာတိုက်တွေမှာ အပ်နှံနိုင်ကြတယ်၊ ငွေမည်းအဖြစ် သတ်မှတ်လိုက်တဲ့ ငွေစက္ကူတွေကို ၁၀-၁၁-၂၀၁၆ ရက်နေ့မှ ၂၄-၁၁-၂၀၁၆ ရက်နေ့အထိ သတ်မှတ်ထားတဲ့ ဘဏ်တွေ ဒါမှမဟုတ် စာတိုက်တွေမှာ ငွေစက္ကူအသေးတွေနဲ့ လဲလှယ်နိုင်ကြတယ်လို့ အိန္ဒိယအစိုးရက ကြေညာထားပါတယ်။

မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့က တိုင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထန်ခိုဟောက်က နယ်စပ်ကုန်သွယ်ရေး တန့်သွားပြီး အဲ့ဒီ အိန္ဒိယငွေတွေ လက်ထဲပိုက်မိနေတဲ့ မြန်မာကုန်သည်တွေ အခက်တွေ့နေကြတယ်လို့ ပြောပါတယ်။

“သုံးမရတော့ဘူးဆိုတော့ ကျနော်တို့ဘက်မှာလည်း ဒီငွေတွေ တော်တော်များများ ရှိတဲ့သူက ရှိနေတယ်လေ။ ဒီလိုမျိုးတွေ ဖြစ်လာတဲ့အခါကျတော့ သူတို့ဘက်ကလည်း သူတို့ နိုင်ငံသားမှ ပိုက်ဆံကို လဲလှယ်ခွင့်ရှိတဲ့အခါကျတော့ သူတို့ဘက် သွားပြောတဲ့အခါ ၁ သိန်းဆိုရင် ၇ သောင်းနဲ့ယူမယ်၊ တဝက်နဲ့ပဲ ယူမယ်ဆိုပြီး ဖြစ်သွားတယ်။”

တမူးမှာ အိန္ဒိယက လျှပ်စစ်မီး ယူသုံးတဲ့သူတွေဟာ မီးဖိုးပေးဖို့ ဆောင်ထားတဲ့ ၅၀၀ နဲ့ ၁၀၀၀ တန်  ရူပီးငွေ ပိုက်မိသူတွေလည်း အမြောက်အမြား ရှိနေကြတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံခြားရေးဌာနကလည်း မြန်မာနိုင်ငံရှိ ကုန်သည်များ၊ အထူးသဖြင့် နှစ်နိုင်ငံ နယ်စပ်မှာ ရောင်းဝယ်ဖောက်ကားမှု ပြုလုပ်နေကြတဲ့ ကုန်သည်များ၊ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများအနေနဲ့ အိန္ဒိယနိုင်ငံရဲ့ ငွေကြေးအခြေအနေကို သိရှိထားနိုင်ရန် ဆိုပြီး လတ်တလော အခြေအနေကို ဒီနေ့ပဲ ကြေညာချက်တစောင် ထုတ်ပြန် အသိပေးပါတယ်။

မြန်မာနိုင်ငံရှိ ကုန်သည်တွေ၊ အထူးသဖြင့် နှစ်နိုင်ငံနယ်စပ်မှာ ရောင်းဝယ်ဖောက်ကားမှု ပြုလုပ်နေကြတဲ့ ကုန်သည်တွေ၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဘဏ်လုပ်ငန်းတွေအနေနဲ့ အိန္ဒိယနိုင်ငံရဲ့ ငွေကြေးအခြေအနေကို သိရှိထားနိုင်ရန်ဆိုပြီး လတ်တလော အခြေအနေကို ဖော်ပြထားတာ တွေ့ရပါတယ်။

အိန္ဒိယနိုင်ငံ အစိုးရအနေနဲ့  ငွေမည်းတွေ၊ ငွေတုတွေနဲ့ လာဘ်ပေးလာဘ်ယူမှုတွေကို တိုက်ဖျက်ဖို့ ရည်ရွယ်ပြီး အခုလို တရားမဝင်ငွေကြေးအဖြစ် ကြေညာခဲ့တာလို့ အစိုးရက ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013