DVB Logo
Home
မြန်မာသတင်း
မယ်လနီရာ ထရမ့် ဆိုတာ ဘယ်သူလဲ
DVB
·
November 11, 2016
Donate to DVB

နိုဝင်ဘာလ ၁၀ ရက်

ဒေါ်နယ်လ်ထရမ့်ဟာ ရီပက်ဘလစ်ကန်ပါတီကနေ အမေရိကန်နိုင်ရဲ့ နောက်တက်မယ့် သမ္မတဖြစ်လာပြီး ထရမ့်ဇနီး မယ်လနီရာလည်း ပထဦးဆုံး နိုင်ငံခြားသား သမ္မတကတော် ဖြစ်လာမှာပါ။

ဒါပေမယ့် သူမကို ကြည့်ရတာ လက်ရှိသမ္မတကတော် မီရှဲအိုဘားမားကို အားကျပုံရပြီး မစ္စက်အိုဘားမား ၂၀၀၈ ခုနှစ် ကွန်ဗန်းရှင်းမှာတုန်းက ပြောခဲ့တဲ့ မိန့်ခွန်းကို ၂၀၁၆ ခုနှစ် ဇူလိုင်လ အိုဟိုင်းယိုးပြည်နယ်၊ ကလယ်ဗယ်လန်မြို့ကြီးမှာ ကျင်းပခဲ့တဲ့ ရီပက်ဘလစ်ကင် ကွန်ဗင်းရှင်းမှာ မယ်လနီရာက သူမရဲ့မိန့်ခွန်းလိုလုပ်ပြီး ပြောခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါသေးတယ်။ သူမကတော့ တတ်နိုင်သလောက် အကူအညီနည်းနည်းပဲ ယူခဲ့ပြီး ဒီမေးခွန်းကို သူမကိုယ်တိုင် ရေးခဲ့တာလို့ ပြောခဲ့ပါတယ်။

သူမဟာ အခုလက်ရှိ ကျောက်မျက်ရတနာလုပ်ငန်းကို လုပ်ကိုင်နေပြီး ဈေးဝယ်ချန်နယ်တခု ဖြစ်တဲ့ QVC မှာ သူမရဲ့ ကုန်ပစ္စည်းတွေကို ရောင်းချတယ်လို့ သိရပါတယ်။ သူမရဲ့သားကို စောင့်ရှောက်ဖို့က နံပါတ် ၁၊ သူမ စီးပွားရေးက နံပါတ် ၂၊ သူမ ခင်ပွန်းကတော့ သူမအတွက် နံပါတ် ၃ ဆိုပြီး ဟာသလုပ်ပြီး ပြောပါသေးတယ်။

သဘာဝအတိုင်းနဲ့ ကျက်သရေရှိရှိလှပြီး အသက်ကြီးသွားတာကို သဘောကျတယ်လို့ သူမက GQ မဂ္ဂဇင်းကို ဧပြီလမှာ ပြောခဲ့ပါတယ်။ “လူတော်တော်များများ ပြောတာက ကျမက ကျမမျက်နှာကို ပြုပြင်ထားတယ်။ ကျမ ဘာမှ မလုပ်ထားဘူး။ ကျမ ကျန်းမာတဲ့ ဘဝမျိုးမှာ နေထိုင်တယ်။ ကျမရဲ့ အရေပြားနဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းတယ်။ ဘိုတော့စ်သုံးတာ၊ ဆေးတွေ ထိုးတာကိုလည်း မကြိုက်ဘူး။ အဲဒီလိုလုပ်တာက ရှင်တို့တွေရဲ့ မျက်နှာနဲ့ အကြောတွေကို ပျက်စီးစေတယ်၊ ကျမအမေလိုပဲ၊ ကျမက ကျက်သရေရှိရှိလှပြီးပဲ အသက်ကြီးသွားမယ်” လို့ သူမက GQ မဂ္ဂဇင်းကို ပြောခဲ့တာပါ။

မယ်လနီရာကို ၁၉၇၀ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့မှာ ယူဂိုဇလားဗီးယားနိုင်ငံရဲ့ ဆဗ်နီကာမြို့ (ယခု ဆလိုဗေးနီးယားနိုင်ငံရှိမြို့)မှာ မွေဖွားခဲ့ပြီး ယခု အသက် ၄၆ နှစ် ရှိပါပြီ။ သူမရဲ့ မူလအမည်က Melanija Knvas ဆိုပေမယ့် Melania Knauss ဆိုတဲ့ အမည်နဲ့ မော်ဒယ်တယောက်အဖြစ် ကျော်ကြားခဲ့တာပါ။

သူမဟာ အသက် ၇၀ ရှိပြီဖြစ်တဲ့ သူမရဲ့ခင်ပွန်း ထရမ့်နဲ့ အသက် ၂၄ နှစ် ကွာပါတယ်။

နိုင်ငံတော်ပိုင် ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းရဲ့ အရောင်းမန်နေဂျာ ကွန်မြူနစ်ပါတီဝင် ဖခင် ဗစ်က်တော်နက်ဗ်စ်နဲ့ အထည်စက်ရုံမှာ အဆင်ဒီဇိုင်းရေးဆွဲသူ မိခင် အမယ်လီဂျာအယ်လ်နစ်က် တို့က သူမကို မွေးဖွားခဲ့ပြီး အသက် ၁၆ နှစ်အရွယ်မှာ မော်ဒယ်လုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့ပါတယ်။

သူမ အသက် ၁၇ နှစ်အရွယ်မှာ ဓာတ်ပုံဆရာ စတိန်းဂျာကိုက သူမကို ရွေးချယ်ပြီး ဓာတ်ပုံပြပွဲအတွက် ဖိတ်ခေါ်ခဲ့ပါတယ်။ စတိန်းဂျာရဲ့ သူမကို ရိုက်ခဲ့တဲ့ ဓာတ်ပုံရိုက်ချက်တွေက လူကြိုက်များပြီး အဲ့ဒီပုံတွေကတဆင့် အီတလီနိုင်ငံ မီလန်မြို့မှာရှိတဲ့ မော်ဒယ်အေဂျင်စီနဲ့ သူမအသက် ၁၈ နှစ်အရွယ်မှာ စာချုပ်ချုပ်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမှာလည်း မော်ဒယ်အလုပ်ကို လုပ်ခဲ့ပါသေးတယ်။

သူမဟာ ကက်ဝေါ့က်လျှောက်ရာမှာ ကျော်ကြားပြီး မဂ္ဂဇင်းစာမျက်နှာတွေမှာလည်း နေရာယူခဲ့တာပါ။ ထရမ့်ရဲ့ ဘိုးရင်းလေယာဉ် ၇၂၇ ကြေညာအတွက် မယ်လနီရာဟာ စိန်ထည်တွေ ဝတ်ဆင်၊ လက်ထိတ်ကိုဝတ်၊ ပစ္စတိုသေနတ်ကို ကိုင်ပြီး ဝတ်လစ်စလစ်ပုံနဲ့ ဗြိတိန်နိုင်ငံ GQ မဂ္ဂဇင်းရဲ့ ရှေ့စာမျက်နှာမှာ ပါခဲ့တာပါ။

၂၀၀၀ ခုနှစ် ရေကူးဝတ်စုံပြပွဲမှာလည်း သူမပုံတွေ ပါပါသေးတယ်။

“ကျမအမေက ဖက်ရှင်လုပ်ငန်းမှာ လုပ်ကိုင်ခဲ့တော့ ကျမအသက် ၅ နှစ်ကစလို့ ကက်တ်ဝေါ့က် လျှောက်နေပြီ။ အသက် ၁၆ နှစ်မှာတော့ ကြော်ငြာတွေရိုက်တယ်။ ကျမ ကျောင်းပြီးတော့ မော်ဒယ်အလုပ်ကို အသက်မွေးဝမ်းကျောင်း အလုပ်အနေနဲ့ လုပ်ကိုင်ခဲ့တယ်။ ကျမအမေလည်း ဖက်ရှင်ကို နှစ်သက်တော့ ကျမနဲ့ ကျမအမေ ပဲရစ်နဲ့ အီတလီကို အလည်အပတ် သွားရတာလည်း ကြိုက်တယ်”လို့ သူမက ပြောခဲ့ပါတယ်။

သူမက ဥရောပဒေသတွင်းမှာ အလုပ်လုပ်တာကြောင့် ပညာကို ဆက်လက်သင်ခဲ့သလို အင်္ဂလိပ်၊ ပြင်သစ်နဲ့ ဆာဘိုကရော့်တ် စကားတွေကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ပြီး ၁၉၉၆ ခုနှစ်မှာတော့ ID မော်ဒယ် တည်ထောင်သူ ပါအိုလိုဇမ်ပေါ်လီက သူမနဲ့စာချုပ်ချုပ်ပြီး ဗီဇာပေးခဲ့လို့ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ကို ရောက်လာခဲ့ပါတယ်။

သူမဟာ ၂၀၀၁ ခုနှစ်မှာ အမေရိကန် ဂရင်းကဒ်ကို ရရှိခဲ့ပြီး နောက် ၅ နှစ်အကြာမှာတော့ အမေရိကန်နိုင်ငံသား ဖြစ်လာတာပါ။

၁၉၉၈ ခုနှစ် မယ်လနီရာ အသက် ၂၈ မှာတော့ မက်ဟန်တန်က ကစ်ကက်ကလပ်ဘ်မှာ ပြုလုပ်တဲ့ ဇမ်ပေါ်လီရဲ့ပါတီပွဲမှာ ထရမ့်နဲ့ တွေ့ဆုံခဲ့ပြီး ထရမ့်က သူမရဲ့ဖုန်းနံပါတ်ကို တောင်းခဲ့တာပါ။ ဒါပေမဲ့ ထရမ့်မှာ အဲ့ဒီအချိန်တုန်းက တွဲနေတဲ့သူရှိလို့ သူမရဲ့ဖုန်းနံပါတ်ကို မပေးခဲ့ဘဲ သန်းကြွယ်သူဌေးထရမ့်ရဲ့ ဖုန်းနံပါတ်ကိုသာ သူမက တောင်းခဲ့ပါတယ်။ ထရမ့်က သူရဲ့ရှိသမျှ ဖုန်းနံပါတ်တွေ အကုန်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် သူတို့ ၂ ဦး ချိန်းဆိုမှု လုပ်ခဲ့ကြပြီး ၂ ကြိမ် လက်ထပ်ခဲ့ဖူးတဲ့ ထရမ့်က သူမကို နယူးယော့ခ်မြို့ ဂလစ်ဇီဝတ်စုံအင်စတီကျူပြပွဲမှာ လက်ထပ်ခွင့်တောင်းခဲ့ပြီး ဖလော်ရီဒါပြည်နယ် က ပမ်းလ်မ်ကမ်းခြေက အပီစကောပယ် ဘုရားကျောင်းမှာ ၂၀၀၅ ခုနှစ် ဇန်နဝါရီလမှာ လက်ထပ်ခဲ့ကြတာပါ။

စေ့စပ်လက်စွပ်က ဒေါ်လာ ၂ သန်းတန် ဖြစ်ပြီး ဒီလို ကြီးကျယ်ခမ်းနားတဲ့နေ့မှာ အသုံးအဖြုန်း ကြီးနေတာက သိပ်အံ့သြစရာတော့ မဟုတ်ပါဘူး။

လက်ထပ်ပွဲမှာ မယ်လနီရာ ဝတ်တဲ့ သတို့သမီးဝတ်စုံက ဗြိတိန်နိုင်ငံသား ဖက်ရှင်ဒီဇိုင်နာ ဂျွန်ဂယ်လီရာနိုရဲ့လက်ရာ ပေါင် ၁၄၀,၀၀၀ တန် ဝတ်စုံဖြစ်တယ်လို့ သိရပြီး သူတို့ရဲ့ လက်ထပ်ပွဲကို သမ္မတလောင်းရွေးပွဲ ပြိုင်ဘက် ဟီလာရီကလင်တန်နဲ့ သူမရဲ့ခင်ပွန်း သမ္မတဟောင်း ဘေလ်ကလင်တန်တို့အပြင် အခြား အနုပညာလောကက နာမည်ကြီးတွေလည်း တက်ရောက်တယ်လို့ ဆိုပါတယ်။

လောရီကင်းနဲ့ ပြုလုပ်ခဲ့တဲ့ ၂၀၀၅ ခုနှစ်က တွေ့ဆုံမေးမြန်းခန်းမှာ မယ်လနီရာက “ဒေါ်နယ်လို လူမျိုးကို လက်ထပ်ဖို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလူမျိုးလဲဆိုတာ သိဖို့လိုတယ်။ သူကို လက်ထပ်မယ့်သူက အရမ်းခိုင်မာစိတ်ပြင်းပြပြီး တော်နေရမယ်” လို့ ပြောခဲ့ပါတယ်။

မယ်လနီရာဟာ ထရမ့်နဲ့ ဘဲရွန်ဝီလျမ်ထရမ့် ဆိုတဲ့ သား ၁ ဦးကို ၂၀၀၆ ခုနှစ်မှာ မွေးခဲ့ပြီး ကလေးက ဆလိုဗေးနီးယား ဘာသာစကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ပါတယ်။ သူမရဲ့မိဘတွေလည်း အမေရိကန်ကို ပြောင်းရွှေ့လာခဲ့ကြပြီး ထရမ့်ရဲ့ အထပ်မြင့် အဆောက်အဦနားမှာ နေကြတာပါ။

ထရမ့်ရဲ့ ယခင်အိမ်ထောင်ဖက် ၂ ဦးက မွေးဖွားခဲ့တဲ့ ကလေး ၄ ဦး ရှိတယ်လို့လည်း သိရပါတယ်။

၂၀၀၀ ခုနှစ်မှာ ထရမ့်က အုပ်ချုပ်ရေးပိုင်းမှာ ဝင်ရောက်လုပ်ကိုင်ဖို့ စဉ်းစားတော့ မယ်လနီရာက ဘယ်အခန်းကဏ္ဍမှာ လုပ်ဆောင်မလဲလို့ ထရမ့်က မေးခဲ့ပါတယ်။ “ကျမက ဘက်တီဖို့ဒ် ဒါမှမဟုတ် ဂျက်ကီကနေဒီတို့လို့ အရမ်းရှေးရိုးဆန်တဲ့ပုံအတိုင်း ဖြစ်မှာပါ” လို့ ပြန်ပြောခဲ့ပါတယ်။

အမေရိကန်ရဲ့ နိုင်ငံရေး စောင့်ကြည့်အကဲခတ်သူ စတီဗင်ဖစ်ရှာက “မယ်လနီရာက တမူ ထူးခြားတဲ့ သမ္မကတော်ဖြစ်မှာပါ” လို့ မေရာသတင်းဌာနကို ပြောခဲ့ပါတယ်။

“မဂ္ဂဇင်းစာမျက်နှာတွေထက်က သူမအကြောင်းက တကယ့်သူမ ဆိုတာထက် ပိုမမှန်ကန် နိုင်ပါဘူး”

“သူမက အရမ်းတော်တယ်။ ပညာကို အဆင့်မြင့်မြင့်တတ်တယ်။ ဂုဏ်သိက္ခာရှိတယ်။ နောက် သူမရဲ့အလှက အရေပြားတထောက်ပဲ မဟုတ်ဘူး။ သူမရဲ့ခင်ပွန်းနဲ့ မတူဘဲ သူမဟာ နယူးယော့ခ်က မော်ဒယ်တယောက်ဖြစ်ပြီး အတော်အတန်လည်း လစ်ဘရယ်ဆန်တယ်။ စိတ်သဘောထားကြီးတယ်” လို့ စတီဗင်ဖစ်ရှာက ပြောခဲ့တာပါ။

သူမခင်ပွန်း ထရမ့် ရွေးကောက်ပွဲမှာ အနိုင်ရတဲ့အခါ မယ်လနီရာက ပေါင် ၃၂၀၀ တန်တဲ့ ဂရိစတိုင် အဖြူရောင်အင်္ကျီကိုပဲ ရွေးဝတ်ဆင်ပြီး သူမရဲ့ခင်ပွန်းဘေးမှာ ရပ်တည်ခဲ့ပါတယ်။

ရွေးကောက်မတိုင်မီ စည်းရုံးလှုံ့ဆော်ရေး ကာလတွေမှာလည်း သူမရဲ့ ဈေးကြီးလှတဲ့ သားမွေးထည်တွေ၊ ပေါင်ရင်းကနေ ခွဲထားတဲ့ ဂါဝန်တွေ၊ ဖော်ထားတဲ့ အဝတ်အစားမျိုးတွေကို မဝတ်ဆင်ဘဲ လုံလုံခြုံခြုံရှိတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ခဲ့ပြီး တာဝန်ကျေတဲ့ ဇနီးတယောက် အနေနဲ့ စိတ်ရော ကိုယ်ပါ လုပ်ဆောင်ပေးခဲ့ပါတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013