DVB Logo
Home
မြန်မာသတင်း
မောင်တောနှင့်ရသေ့တောင်တွင် အကြမ်းဖက်သူနှင့် မသင်္ကာသူ ၈ ဦး ထပ်ဖမ်းမိ
DVB
·
November 11, 2016
မောင်တောနှင့်ရသေ့တောင်တွင် အကြမ်းဖက်သူနှင့် မသင်္ကာသူ ၈ ဦး ထပ်ဖမ်းမိ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေအတွင်း အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်သူတွေနဲ့ မသင်္ကသာသူတွေကို ဆက်လက်ဖမ်းဆီးမိတယ်လို့ မြ၀တီသတင်းမှာ ဖော်ပြပါတယ်။

မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၃ ဦးနဲ့ မသင်္ကာဖွယ် ဘင်္ဂါလီ ၁ ဦး၊ ရသေ့တောင်နဲ့မောင်တောမြို့နယ်အတွင်း မသင်္ကာဖွယ် လူ ၄ ဦးတို့ကို နိုဝင်ဘာ ၁၀ ရက်မှာ ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။

မောင်တောမြို့နယ်အတွင်း စစ်တပ်နဲ့ရဲတပ်ဖွဲ့တို့ဟာ နိုဝင်ဘာ ၁၀ ရက်က ဆူခါလီ(ဘင်္ဂါလီ)ကျေးရွာရှိ မူဟာမက်အီဆုတ်ရဲ့ နေအိမ်အား ၀င်ရောက်ရှင်းလင်း ရှာဖွေစစ်ဆေးရာ မူဟာမက်အီဆုတ် (ဘ)ဆွေယော့နူလာ၊ ရာမက်ဒူလာ(ဘ) မိုဟာမက်အီဆုတ်နှင့် နော်ဇီမူလာ(ဘ) မိုဟာမက်အီဆုတ်တို့ ၃ ဦးကို လက်နက်ခဲယမ်းတွေနဲ့ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

အဲ့ ၃ ဦးကို ဒသမ ၃၀၃ ထိပ်ဖူးဖြုတ်ထားတဲ့ ကျည်ခွံ ၄၂ ခု၊ ဒသမ ၃၀၃ ကျည်ဖူး ၇ ခု၊ RZL လက်ကိုင် စကားပြော စက်တိုင်တို ၁ ချောင်း၊ သစ်သားမှိန်း ၁ ချောင်း၊ ၀ါးမှိန်း ၁ ချောင်း၊ သံမှိန်း ၂ ချောင်း၊ ဓားမကြီး ၄ ချောင်း၊ ဓားမြှောင် ၃ ချောင်း၊ အိပ်ဆောင်ဓားအသေး ၂ ချောင်း၊ အရိုးမပါ လှံသွား ၁ ချောင်းနှင့် ၄ မြှောင့် ဆူးချွန် ၂ ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

အလားတူ အဲ့ဒီနေ့မနက် ၇ နာရီလောက်က သက္ကယ်ပြင်(အနောက်) ကျေးရွာဘက်က ထွက်လာတဲ့ မသင်္ကာဖွယ် ဘင်္ဂါလီ မာမက်ဟူစိန်(ဘ) ဒေါ်လာဘာရှီအား စစ်ဆေးရာ ဆန်ဖိုနီ(P-5) အမျိုးအစား ဟန်းဆက် ၁ လုံး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး တရားမ၀င် ရူဘီဆင်းကတ် ၁ ခု၊ MPT ဆင်းကတ် ၁ ခုတို့နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိ ဘင်္ဂါလီ ၄ ဦး၊ လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို အင်းဒင် ရဲစခန်းနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်) သို့ တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့တယ်လို့ သတင်းမှာဖော်ပြပါတယ်။

အောက်တိုဘာ ၉ ရက်က စတင်ခဲ့တဲ့ မောင်တောအကြမ်းဖက်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်တိုက်ခိုက်သူနဲ့ မသင်္ကာသူပေါင်း ရာနဲ့ချီဖမ်းဆီးစစ်ဆေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013