DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းမြစ်တွင်းကုန်တင် အမြန်ရေယာဉ်တစီးနစ်မြုပ်
DVB
·
November 10, 2016
ချင်းတွင်းမြစ်တွင်းကုန်တင် အမြန်ရေယာဉ်တစီးနစ်မြုပ်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် ဥရုမြစ်ထဲမှာ ဒီကနေ့ မနက်က ကုန်တင်အမြန်ရေယာဉ်တစီး နစ်မြုပ်ခဲ့ပါတယ်။

စက်လှေပိုင်ရှင်၊ ပဲ့နင်းနဲ့ ရေလုပ်သားတို့ စုစုပေါင်း လူ ၅ ဦး လိုက်ပါလာတဲ့ လင်းလင်းအောင် အမြန်ရေယာဉ်ဟာ ဒီဇယ်ဆီ၊ ဆန်နဲ့ အခြားကုန်ပစ္စည်းတွေ တင်ဆောင်ပြီး မုံရွာကနေ ဆည်ဇင်းကို ထွက်ခွာလာစဉ် သဲသောင်နဲ့ တိုက်မိပြီး တိမ်းစောင်းနစ်မြုပ်ခဲ့တယ်လို့  စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“မနက် ၉ နာရီ ၄၅ မိနစ်အချိန်က ရေကျော်ကျေးရွာအုပ်စု ငေါက်ဆားကျေးရွာအနီး ချင်းတွင်းမြစ်နဲ့ ဥရုမြစ်ဆုံရာ ဥရုမြစ်ထဲမှာ မုံရွာမြို့ကနေ ဆည်ဇင်းကိုသွားမယ့် လင်းလင်းအောင် အမြန်တင်ရေယာဉ်ဟာ  နန်တောကျေးရွာကို  ထွက်ခွာလာစဉ် သဲသောင်နဲ့ တိုက်မိခဲ့တယ်။  အခင်းဖြစ်တဲ့နေရာကို မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦး၊ အရန်မီးသတ် ၃၅ ဦး စုစုပေါင်း ၅၀ ဦး သွားရောက်ကူညီခဲ့တယ်။ ညနေ ၁၄ နာရီအချိန်မှာ စက်လှေထဲက လူ ၅ ဦးကို အသေအပျောက်မရှိ ကယ်တင်ခဲ့တယ်၊  ကုန်ပစ္စည်း အနည်းငယ်ဆုံးရှုံးမှု ရှိပါတယ်ခင်ဗျ။”

အဆိုပါ စက်လှေထဲမှာ ဒီဇယ်ပေပါ ၃၀၀၊ ဆန်အိတ် ၁၂၀၊ အချင်း ၆ ပေ အရှည် ၂၀ ပေရှိ သံပိုက်လုံး ၅၀၊ ကုန်မျိုးစုံပေါင်း တန်ချိန် ၅၀၀ တင်ဆောင်လာတယ်လို့ တာဝန်ကျဝန်ထမ်းက ဆက်ပြောပါတယ်။

စက်လှေပိုင်ရှင်ဟာ ဘုတလင်မြို့နယ်က ဦးဘိုမောင်ဆိုသူဖြစ်ပြီး နစ်မြုပ်စက်လှေကိုတော့ ပြန်ပြီး ဆယ်ယူနိုင်ဖို့ ကြိုးစားဆဲလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လကလည်း ချင်းတွင်းမြစ်ထဲမှာ ဟုမ္မလင်းကနေ မုံရွာကို ခုတ်မောင်းတဲ့  အောင်စိုးမိုးကျော် အမြန်ရေယာဉ်မှောက်ခဲ့လို့ ခရီးသည်တွေ ရာနဲ့ချီ သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013