DVB Logo
Home
မြန်မာသတင်း
မြောင်းမြမြို့တွင် အရက်၊ ဘီယာမျိုးစုံ ကျပ်သိန်း ၇၀၀ ကျော်ဖိုး ဖမ်းမိ
DVB
·
November 10, 2016
မြောင်းမြမြို့တွင် အရက်၊ ဘီယာမျိုးစုံ ကျပ်သိန်း ၇၀၀ ကျော်ဖိုး ဖမ်းမိ
Donate to DVB

မြောင်းမြမြို့ အမှတ် ၁၀ ရပ်ကွက် ရိုးကူးလမ်း ခြံအမှတ် ၁၀ ရှိ ဝင်းမိသားစု အရက်သိုလှောင်ပုလင်းသွတ် လုပ်ငန်းကို သတင်းအရ တိုင်းဒေသကြီးရဲတပ်ဖွဲ့က သက်သေတွေနဲ့ နိုဝင်ဘာ ၉က်နေ ညပိုင်းမှာ ဝင်ရောက်စစ်ဆေးရာမှာ သိုလှောင်ခွင့် လိုင်စင်နဲ့မကိုက်ညီတဲ့ အရက်ဘီယာမျိုးစုံ ကျပ်သိန်း ၇၀၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့ပါတယ်။

ဦးမောင်မောင်ဝင်း အမည်နဲ့ထုတ်ပေးထားတဲ့ သိုလှောင်ခွင့်လိုင်စင်ရှိပေမယ့် လိုင်စင်နဲ့မကိုက်ညီတဲ့ သယ်ဆောင်ခွင့်မျှောစာများမရှိဘဲ သယ်ယူသိုလှောင်ထားတဲ့ ဘီယာနဲ့အရက်အမျိုးအစားစုံ ၃၁၆၄ ဖာကို ဖမ်းဆီးရမိခဲ့တာလို့ မြောင်းမြရဲစခန်းက ပြောပါတယ်။

အခုလိုဖမ်းဆီးရမိတာနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်အောင်မျိုးသူက တရားလိုပြုလုပ်ပြီး မြောင်းမြရဲစခန်းက အရက်သိုလှောင်ရုံမန်နေဂျာ ဦးအေးလွင်ကို ယစ်မျိုးပုဒ်မ ၃၀(က) နဲ့ အမှုဖွင့်လှစ် အရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013