
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုထဲမှာ ဒီကနေ့မနက်စောစောက အမည်မသိ အရာ ၀တ္ထုတခု ကျလာခဲ့တယ်လို့ ဒေသခံပါတီက ပြောပါတယ်။
အဆိုပါ အရာဝတ္ထုမှာ အရှည် ၁၃ ပေခန့်ရှိ သတ္တုလုံးကြီးတစ်ခုဖြစ်ပြီး မော်ဆီဇာကျေးရွာရှိ ခိုင်လုံကျောက်မျက်ကုမ္ပဏီလုပ်ကွက် နဲ့ ကျောက်စိမ်းတောင်ကုမ္ပဏီလုပ်ကွက်ကြား မြေကွက်လပ်တစ်ခုပေါ်ကျလာတာလို့ ဖားကန့် အန်အယ်လ်ဒီအမတ် ဦးဒါရှီလာဆိုင်းက ဒီဗွီဘီကို ပြောပါ တယ်။
“ဒီမနက် ၆ နာရီလောက်က အသံအကျာ်ကြီးနဲ့ ပြုတ်ကျလာခဲ့တယ်၊ သူ့ကိုယ်ထည်က ၁၃ ပေ ၁၄ ပေလောက်ရှည်တဲ့ အလုံးပေါ့။ သူက လေယာဉ်ကိုယ်ထည်ပုံစံလိုလို၊ ဥပမာ လေယာဉ်တောင်ပံအောက်မှာ ကျနော်တို့ တောင်ပံရဲ့ ဒလက်အောက်မှာပါတဲ့ အ၀ိုင်းလိုလိုတဲ့၊ ကျနော့်ရဲ့ အသိတွေကသွားကြည့်ပြီး ပြန်လာပြောတယ်၊ ကျနော်လည်း အစည်းအဝေးပြီးရင် သွားကြည့် ဖို့လုပ်နေတယ်။”
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဗွီဘီမှ ဖားကန့် နယ်မြေရဲစခန်း၊ မြို့နယ်အုပ်ချုပ်ရေးရုံးတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။
ဓာတ်ပုံ - ဇော်မိုးထက်











